နိမ့္က်ေနဆဲဘ၀မ်ား/ နိမ့်ကျနေဆဲဘဝများ


#နိမ့္က်ေနဆဲဘ၀မ်ား   [Zawgyi]
==========
By သိုက္စိုးထြန္း(နတ္ရြာ) 


"
သိပညာျဖစ္ပြားေအာင္၊ ခ်စ္သားတို႔သင္ၾကပါ။

မိဘဆရာတို႔၊
ဖန္ခါခါတပည့္သားကို၊ ေထာင္နားဆန္မျငင္းေအာင္၊ သြင္းၾကေပရာ။

ေလွေလွာ္ေလွခတ္ႏွင့္၊ အတတ္ကယ္မဲ့သူမွာ၊ ၀န္ထမ္းသာျဖစ္ၿမဲ။

ပညာရွင္ျဖစ္ေပက၊
လူ႕ျပည္မွာပူေဇာ္လို႔၊ ဇမၺဴေပၚဂုဏ္ထင္ပလိမ့္မယ္၊ မိုးလထက္ကဲ။ "

စဥ့္ပါဆရာေတာ္ႀကီးရဲ့ ဒီကဗ်ာေလးကို ငယ္ငယ္တုန္းကသင္ရေတာ့ ဘာရယ္လို သိပ္မေတြးျဖစ္ခဲ့ပါဘူး။ အသိပညာ၊ အတတ္ပညာေတြရေအာင္သင္ရမယ္လို႔ပဲ သေဘာေပါက္ခဲ့တယ္။ နည္းနည္းေလး အရြယ္ရလာလို ၀န္ထမ္းဘ၀လည္းေရာက္လာေရာ အတတ္ကယ္မဲ့သူမွာ ၀န္ထမ္းသာျဖစ္ၿမဲဆိုတဲ့အပိုဒ္ေလးအေၾကာင္းကို ျပန္ေတြးမိျပန္တယ္။ ဘယ့္ႏွယ္၊ အတတ္ပညာမဲ့သူက ၀န္ထမ္းျဖစ္ရမယ္ရယ္လို႔ဆိုၿပီးေတာ့ေပါ့။ အတတ္ပညာရွိမွ ၀န္ထမ္းျဖစ္ရမွာမဟုတ္ဘူးလားဆိုတာမ်ိဳးကိုလည္း ျပန္လွန္ေခ်ပလိုတဲ့အေတြးေတြ၀င္မိတယ္။

၀န္ထမ္းတစ္ေယာက္ျဖစ္ဖို႔လြယ္သလားဆိုေတာ့ သိပ္ေတာ့မလြယ္ပါဘူး။ ၀န္ထမ္းျဖစ္လိုသူေတြအတြက္ လိုအပ္တဲ့အရည္အခ်င္းသတ္မွတ္ခ်က္ေတြရွိပါတယ္။ အနည္းဆံုးေတာ့ အတတ္ပညာအေနနဲ ဘြဲ႕တစ္ခုခုေလာက္ ရွိထားရမယ္၊ လိုအပ္တဲ့အသက္အပိုင္းအျခားကိုလည္း ဌာန၊ အဖြဲ႕အစည္းအေလ်ာက္ ကန္႔သတ္ထားလိုက္ေသး တယ္။ တစ္ခ်ိဳ႕က ၂၇ ေအာက္၊ တစ္ခ်ိဳ႕က ၃၀ ေအာက္၊ တစ္ခ်ိဳ႕က ၃၅ ႏွစ္ေအာက္။ ဒါေတြလြန္သြားရင္ ေလွ်ာက္ခြင့္မရေတာ့ဘူး။ ေနာက္ထပ္လည္း လိုအပ္ခ်က္ေတြကသတ္မွတ္ထားေသးတယ္။ အဖြဲ႕အစည္းတစ္ခုနဲ႔ တစ္ခုေတာ့ မတူဘူးေပါ့။

လိုအပ္တဲ့အရည္အခ်င္းေတြနဲ႔ျပည့္စံုေန႐ံုနဲ႔ ၀န္ထမ္းျဖစ္ခြင့္ရၿပီလားဆိုေတာ့ မရေသးျပန္ပါဘူး။ အလုပ္အကိုင္လိုခ်င္သူေတြကမ်ားၿပီး စုၿပံဳတိုးစနစ္နဲ႔ ၿပိဳင္ေလွ်ာက္ရတာျဖစ္တဲ့အတြက္ ကိုယ့္ကိုေရြးခ်ယ္ခန္႔ထား ေစေရးအတြက္ ၿပိဳင္အဆိုင္ႀကိဳးစားၾကရေသးတာပါ။ ေရးေျဖစာေမးပြဲေတြရွိတယ္။ ေရးေျဖေအာင္ဖို႔အတြက္ သင္တန္းေတြအမ်ိဳးမ်ိဳးအဖံုဖံုတက္ၾကရျပန္တယ္။ ေရးေျဖေအာင္ျပန္ေတာ့ ကိုယ္က်န္းမာေရးနဲ စိတ္က်န္းမာေရး ကိုလည္း စစ္ေဆးလိုက္ေသးတယ္။ ေနာက္တစ္ခါ၊ ႏႈတ္ေျဖစာေမးပြဲက က်န္ျပန္တယ္။ ႏႈတ္ေျဖစာေမးပြဲ ဆိုတာကလဲ သာမေညာင္ည မည္ကာမတၱေလာက္ေမးၾကျမန္းၾကတာမဟုတ္ပါဘူး။ အခ်ိန္တစ္နာရီေလာက္ယူၿပီး ျပည္တြင္းျပည္ပဗဟုသုတေတြ၊ ကိုယ့္ရဲ့ခံယူခ်က္နဲ႔ပတ္သက္တာေတြကို စိစစ္ေမးျမန္းသူေတြ စိတ္တိုင္းက် ေလာက္ေအာင္ေမးျမန္းၿပီးေတာ့မွ အကဲျဖတ္ေရြးခ်ယ္တာပါ။ ဒါေတြဒါေတြကို တစ္ဆင့္ခ်င္းတစ္ဆင့္ခ်င္း အဆင့္ဆင့္ေက်ာ္ျဖတ္ၿပီးေတာ့မွ ၀န္ထမ္းအျဖစ္ေရြးလိုက္တာပါ။ ဒါေတာင္မွ လခစား၀န္ထမ္းမျဖစ္ေသးပါဘူး။ မျဖစ္ေသးဘူးတဲ့။ ႏိုင္ငံေတာ္ကသတ္မွတ္ထားတဲ့ ဗဟို၀န္ထမ္းတကၠသိုလ္ေတြမွာ အရာထမ္းေလာင္းအေျခခံ သင္တန္းဆိုၿပီးေတာ့ သံုးလခြဲေလာက္တက္ရပါေသးတယ္။ ဒီသံုးလခြဲဆိုတာကလည္း ၀န္ထမ္းတစ္ေယာက္ အေနနဲ႔တက္ရတာမဟုတ္ေသးပါဘူး။ ဆရာတစ္ေယာက္ေျပာဖူးသလို ေျပာရရင္ေတာ့ ေမာင္ရွင္ေလာင္းဘ၀ပဲ ရွိပါေသးသတဲ့။ ေမာင္ရွင္ေလာင္းဘ၀နဲ သံုးလခြဲကို စနစ္တက်ျဖတ္သန္းၿပီးေတာ့မွ၊ အိမ္ျပန္အပို႔မခံရတာေသခ်ာၿပီ ဆိုေတာ့မွ သက္ဆိုင္ရာဌာနမွာ ခန္႔အပ္တာပါ။ ဒါက အရာထမ္းပိုင္းပါ။

အမႈထမ္းပိုင္းမွာလဲ ေလွ်ာက္တဲ့သူတိုင္း၀င္ခြင့္ရတာမဟုတ္ပါဘူး။ အရာထမ္းရာထူးေလာက္ ၿပိဳင္ ေလွ်ာက္တဲ့သူမမ်ားေပမယ့္ သူတို႔လည္း သူတိုအထြာနဲ႔သူတို႔ေတာ့ ၿပိဳင္အဆိုင္ႀကဲၾကရတာပါပဲ။ အားလံုးက ယွဥ္ၿပိဳင္စနစ္နဲ႔သာ ႀကိဳးစားၿပီး၀င္ခြင့္ရလာၾကတာပါ။ ေရြးခ်ယ္မႈကသာ သမာသမတ္က်ပါေစ၊ ရလာတဲ့ ၀န္ထမ္းေလာင္းကေတာ့ တကယ့္ ေဒါင္ေဒါင္ျမည္ျဖစ္မယ္လို ယူဆရတဲ့သူေတြကိုသာ ေရြးထုတ္ထားလိုက္ၾက တာပါ။ ဒါ့ေၾကာင့္ ၀န္ထမ္းမွန္သမွ်ဟာ အထိုက္အေလ်ာက္အားျဖင့္ေတာ့ ႀကိဳးႀကိဳးစားစား၊ က်ားကုတ္က်ားခဲနဲ တက္လာၾကရသူေတြခ်ည္းပဲလို႔ ေျပာရမွာပါ။

၀င္လာတုန္းက အားတက္သေရာနဲ ၿပိဳင္အဆိုင္ႀကိတ္ႀကိတ္တိုး တိုးေ၀ွ႔ၿပီးမွ ၀င္ခဲ့ၾကရတာဆိုေပမယ့္ တကယ့္၀န္ထမ္းဘ၀ေရာက္လာၾကေတာ့ ပံုစံေတြက အမ်ိဳးမ်ိဳးေျပာင္းလဲသြားၾကပါတယ္။ တစ္ခ်ိဳ႕လည္း အလြန္ အင္မတန္ေပ်ာ္ေမြ႕ေနၾကတယ္။ တစ္ခ်ိဳ႕လည္း စိတ္ပ်က္အားငယ္တဲ့ပံုစံေလးေတြနဲ ဘ၀ခရီးကို ျဖတ္သန္း ေနၾကရတယ္။ တစ္ခ်ိဳ႕လည္း ေမာက္ေမာက္မာမာနဲ ၀န္ထမ္းဆိုးဘ၀ကို ေရာက္မွန္းမသိေရာက္သြားၾကတယ္။ တစ္ခ်ိဳ႕လည္း စင္ၾကယ္တဲ့အသက္ေမြးမႈအျဖစ္နဲ႔ ဘ၀ရဲ့စာရိတၱမ႑ိဳင္ကို မယိမ္းယိုင္မတုန္လႈပ္ေစဘဲ ႐ိုး႐ိုးကုပ္ကုပ္ အလုပ္လုပ္ၾကတယ္။ တစ္ခ်ိဳ႕လည္း ေငြေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္ၿပီး မသမာတဲ့အာဇီ၀ဘက္ကို လွမ္းမိလ်က္သားျဖစ္သြားၾကတယ္။

ေပ်ာ္ေနတဲ့သူေတြဘာ့ေၾကာင့္ေပ်ာ္ေနၾကသလဲ။ ၀င္ေငြေတြေကာင္းေနလို႔လား။ လုပ္ငန္းခြင္အတြင္းမွာ ေအာင္ျမင္မႈေတြရေနလို႔လား။ အထက္အဆင့္က၊ ဒါမွမဟုတ္ ေဘးပတ္၀န္းက်င္က အသိအမွတ္ျပဳမႈေတြ ေကာင္းေနလို႔လား။ တစ္ခုခုေတာ့ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ေသခ်ာတာတစ္ခုက ႐ိုး႐ိုးသားသားေနထိုင္လုပ္ကိုင္ တတ္တဲ့ ၀န္ထမ္းတစ္ေယာက္အတြက္ကေတာ့ ၀င္ေငြေကာင္းလို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ တစ္ျခားအေၾကာင္း တစ္ခုခုပဲ ျဖစ္ပါလိမ့္မယ္။

စိတ္ပ်က္အားငယ္ေနသူေတြက ဘာ့ေၾကာင့္ ဒီလိုျဖစ္ေနၾကရတာလဲ။ မေလာက္မငျဖစ္ေနလို႔လား။ လုပ္ငန္းခြင္အတြင္းမွာ မမွ်တမႈေတြ၊ ႏိုင္က်င့္မႈေတြနဲ႔ႀကံဳေနရလို႔လား။ ၀န္ထမ္းအခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ေခ်ာက္အတြန္းခံေနရလို႔လား။ ဒါမွမဟုတ္ ျပင္ပပုဂၢိဳလ္တစ္ဦးဦးက ႏိုင္က်င့္ၿခိမ္းေျခာက္ေနလို႔လား။ တစ္ခုခုေတာ့ျဖစ္မွာပါ။ ဒီ့ထက္ပိုတဲ့အေၾကာင္းအရာေတြေၾကာင့္လဲျဖစ္ခ်င္ျဖစ္မွာပါ။

ဟိုတစ္ခ်ိန္တုန္းကေတာ့ ၀န္ထမ္းအဖြဲ႕အစည္းကို ဗ်ဴ႐ိုကရက္လို႔ ေခၚခဲ့ၾကပါတယ္။ တကယ္ေတာ့ ဗ်ဴ႐ိုကေရစီတို႔၊ ဗ်ဴ႐ိုကရက္တို႔ဆိုတဲ့စကားလံုးေတြက သူ႕အဓိပၸာယ္နဲ႔သူ၊ သူ႕အႏွစ္သာရနဲ႔သူ ရွိၾကပါတယ္။ ဒါေပမယ့္ နားလည္သေဘာေပါက္ပံုနဲ ေကာက္ယူပံုေတြအရ ဗ်ဴ႐ိုကရက္လို႔ေျပာလိုက္တာနဲ႔ ႏွာေခါင္းအ႐ႈံ႕ခံရတဲ့ အေျခအေနမ်ိဳးျဖစ္သြားပါတယ္။ ၀န္ထမ္းဆိုရင္ က်စ္တယ္၊ ညစ္တယ္၊ ရစ္တယ္ဆိုတာမ်ိဳးခ်ည္းပဲ၊ မလိုအပ္တဲ့ ႀကိဳးနီယႏၱရားေတြၾကားမွာ ျပည္သူကို ႐ႈပ္ယွက္ခတ္ေအာင္လုပ္ေနၾကသူေတြခ်ည္းပဲရယ္လို႔ သမုတ္ခဲ့ၾကပါတယ္။ အစဥ္အဆက္ ဒီအတိုင္းပဲမွတ္ယူခဲ့မိၾကတာမ်ားပါတယ္။

ဒီကေန႔ေခတ္အခါမွာေတာ့ ၀န္ထမ္းယႏၱရားရဲ့ စီမံခန္႔ခြဲပံု၊ လုပ္ငန္းေဆာင္ရြက္ပံုေတြဟာ ျပဳျပင္ေျပာင္းလဲ ေနၾကပါၿပီ။ ၂၀၁၁ ေလာက္ကစၿပီး ၀န္ထမ္းျပဳျပင္ေျပာင္းလဲေရးေတြေဆာင္ရြက္လာလိုက္တာ ဒီဘက္ပိုင္း ကာလဘက္ေရာက္ေလေလ ေျပာင္းလဲမႈမ်ားလာေလေလပါ။ ဒါေပမယ့္လဲ ႐ိုးစြဲလာတဲ့ထင္ျမင္ယူဆခ်က္ေတြအရ ၀န္ထမ္းဆိုတာနဲ သိပ္ေလးစားစရာမဟုတ္တဲ့သူဆိုတဲ့အျမင္မ်ိဳးနဲ႔ ႐ႈျမင္ေနတတ္ၾကပါတယ္။

ဒီလိုေျပာရတာက ကိုယ္ႀကံဳေနရတာေလးေတြကိုသာၾကည့္ၿပီး အထင္နဲ႔ရမ္းသမ္းသိမ္းႀကံဳးေျပာဆိုေနျခင္း မဟုတ္ပါဘူး။ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီလိုအသံမ်ိဳးေတြခဏခဏၾကားေနရတဲ့အတြက္ျဖစ္ပါတယ္။ နယ္ပယ္ ေတာ္ေတာ္မ်ားမ်ားကလည္း ေျပာေနၾကပါတယ္။ ဒီလိုအေျပာခံရလို နာသလားဆိုေတာ့ နာစရာတစ္ခုလည္း ဟုတ္ေတာ့မဟုတ္ပါဘူး။ ဟိုအရင္ကျဖတ္သန္းခဲ့ၾကတဲ့အေျခအေနေတြရယ္၊ ဒီကေန႔ေခတ္လက္က်န္၀န္ထမ္း တစ္ခ်ိဳ႕ရဲ့ မေျပာင္းလဲႏိုင္ေသးတဲ့အမူအက်င့္ေတြရယ္ေၾကာင့္ အားလံုးဒီပုတ္ထဲကဒီပဲခ်ည္းပဲရယ္လို အေျပာခံေနၾက ရတာပါ။ ဒီလိုေျပာလိုက္လို ဟိုတုန္းကလူေတြမေကာင္းဘူး၊ အခုလူေတြေကာင္းတယ္လို တစ္ထစ္ခ်ေျပာတယ္ လို႔ေတာ့ မမွတ္ယူေစခ်င္ပါဘူး။ ဟိုတုန္းအခါကလူေတြလည္း သူ႕ေခတ္သူ႕အခါက အေျခအေနအခ်ိန္အခါအရ လုပ္ငန္းေတြေဆာင္ရြက္ခဲ့ၾကရတာျဖစ္သလို ဒီလိုအေျခအေနမ်ိဳးမွာေတာင္မွ တကယ့္ကို ျဖဴစင္သန္႔ရွင္းေအာင္ ေနျပထိုင္ျပခဲ့တဲ့သူေတြ၊ တကယ့္ကို ထူးခြ်န္ထက္ျမက္တဲ့သူေတြ အမ်ားႀကီးမွ အမ်ားႀကီးပါ။

ဒီဘက္ေခတ္မွာက်ေတာ့ ေတာ္ေတာ္မ်ားမ်ားက ေျပာင္းလဲေနၾကပါၿပီ။ ဟိုတုန္းအခါကနဲ မတူၾကေတာ့ ပါဘူး။ ခပ္ညစ္ညစ္ဆိုတဲ့၀န္ထမ္းက လူနည္းစုေလာက္သာက်န္ပါတယ္။ သူတို႔ေတြကေတာ့ ဟိုအရင္လို ညစ္တုန္း၊ ရစ္တုန္းပါပဲ။ ဒီအနည္းစုကိုလည္း စိတ္ေျပာင္းလာေအာင္၊ အမူအက်င့္ေတြေျပာင္းလာေအာင္ နည္းမ်ိဳးစံုနဲ႔ေလ့က်င့္ ပ်ိဳးေထာင္ေနၾကပါတယ္။ ေလ့က်င့္ေျပာင္းလဲေပးလို႔မွမရရင္ တစ္နည္းနည္းနဲ အေရးယူေနၾကပါတယ္။ ဒီစာစုက ၀န္ထမ္းေတြေကာင္းေၾကာင္း တစ္ဖက္သတ္ေျပာေနတဲ့စာစု မဟုတ္ပါဘူး။ အေျခအေနသ႐ုပ္မွန္ကို ဖြင့္ဆိုျပဖို ႀကိဳးစားေနျခင္းသာ ျဖစ္ပါတယ္။

ေစာေစာကေျပာခဲ့ပါၿပီေကာ။ ၀န္ထမ္းတစ္ေယာက္ျဖစ္ဖို႔က သိပ္ေတာ့မလြယ္ဘူးဆိုတာကို။ ခက္ခက္ခဲခဲ တိုးေ၀ွ႔ၿပီး၀င္ခဲ့ရတဲ့ ၀င္ေပါက္ကေလးတစ္ခုကို ၀င္ခြင့္ရခဲ့ၿပီမို႔ အစမွာေတာ့ သိပ္ေပ်ာ္ခဲ့ၾကတာပါပဲ။ လိုအပ္တဲ့ အတတ္ပညာေတြ ကိုယ့္မွာရွိလို႔သာ ဒီေနရာဒီဌာနကို ေရာက္ခြင့္ႀကံဳခဲ့တာေပါ့ဆိုတဲ့အေတြးမ်ိဳးနဲ႔ ပီတိေတြမ်ား ျဖစ္လို႔။ ဒါေပမယ့္ ၀န္ထမ္းဘ၀နဲ႔အခ်ိန္ကာလတစ္ခုအထိ ျဖတ္သန္းၿပီးတဲ့အေျခအေနတစ္ရပ္မွာ ငယ္ငယ္တုန္းက သင္ခဲ့ဖူးတဲ့ဆံုးမစာေလးက ေခါင္းထဲကိုျပန္၀င္လာတယ္။ ေလွေလွာ္ေလွခတ္ႏွင့္၊ အတတ္ကယ္မဲ့သူမွာ၊ ၀န္ထမ္းသာျဖစ္ၿမဲတဲ့။ အတတ္ပညာမဲ့သူက ၀န္ထမ္းျဖစ္သတဲ့။

အတတ္ကယ္မဲ့သူမွာ ၀န္ထမ္းသာျဖစ္ၿမဲဆိုတဲ့အပိုဒ္မွာ ဆရာေတာ္ႀကီးရဲ့ဆိုလိုရင္းက ဘယ္လိုရွိသလဲ ဆိုတာကို အတိအက်မွန္းဆႏိုင္ဖို႔ေတာ့ခက္ပါတယ္။ လက္ရွိ၀န္ထမ္းမ်ိဳးကိုဆိုလိုတာလားေတာ့ မေျပာႏိုင္ပါဘူး။ ဒါေပမယ့္လည္းေလ၊ အဓိပၸာယ္ဆိုတာ တစ္ခါတစ္ခါက်ေတာ့လည္း ကုိယ္လိုရာကိုဆြဲယူရတတ္တဲ့အမ်ိဳး ရွိတယ္ မဟုတ္လား။ ဒီေတာ့ လိုရာဆြဲၿပီးေတြးရမယ္ဆိုရင္ေတာ့ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာသူေတြရဲ့၀န္ထမ္းဘ၀ေတြဟာ အတတ္ပညာေၾကာင့္ ၀န္ထမ္းျဖစ္ရတာမဟုတ္ဘဲ အတတ္ပညာနည္းလို ၀န္ထမ္းျဖစ္ေနရတာလို ေျပာရေတာ့မယ္ ထင္တာပါပဲ။

ဒီလိုျမင္မိတာက ကိုယ့္ဘာသာေတြးမိသြားတဲ့အေတြးမ်ိဳးမဟုတ္ပါဘူး။ ပတ္၀န္းက်င္ကၾကားမိတဲ့ စကားေတြေၾကာင့္ပါ။ တစ္ခ်ိဳ႕ကေျပာတယ္။ ၀န္ထမ္းဘ၀ႀကီးထဲမွာ အနစ္မြန္းခံမေနပါနဲ႔။ ဒီအေျခအေနႀကီးထဲမွာ ဘာလုပ္မွာလဲ၊ ႐ုန္းထြက္လိုက္စမ္းပါ။ တစ္ျခားအလုပ္ေျပာင္းလုပ္စမ္းပါ။ ၫြန္႔တံုးမယ့္အျဖစ္မ်ိဳးကို ဘာ့ေၾကာင့္ လည္စင္းခံေနမွာလဲတဲ့။ ၾသာ္။ ၀န္ထမ္းဘ၀က ဒီေလာက္ေတာင္အေျခအေနဆိုးေနၿပီလားလို႔ေတာင္ ေျပာလိုက္ခ်င္ေတာ့တယ္။ ဒါေပမယ့္လဲ သူတို႔ေျပာသလိုလဲ ဟုတ္ေတာ့ဟုတ္ေနတာမို ျပန္လွန္ျငင္းေနဖို႔လည္း မေကာင္းေတာ့ဘူးေလ။ ဒီ့ထက္ပိုဆိုးတာလည္းရွိရွိေသးေတာ့။ လက္ေၾကာမတင္းတဲ့အလုပ္ကို မလုပ္ခ်င္စမ္းပါနဲ တဲ့။ ေသစမ္းဟဲ့နႏၵိယ။ လက္ေၾကာေတာင္မတင္းဘူးဆိုပဲ။

တစ္ဘက္မွာက လစာနည္းနည္းေလးေပမယ့္ က်ိက်ိတက္ခ်မ္းသာေနတဲ့ ၀န္ထမ္းတစ္ခ်ိဳ႕ေတာ့ ရွိေနပါရဲ့။ ဒါေပမယ့္ ၀န္ထမ္းေလာကကို စာတစ္အုပ္နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ အဲ့သလိုၾကြယ္၀သူေတြက မ်က္ႏွာဖံုးဆိုပါေတာ့။ ဒါမွမဟုတ္ မ်က္ႏွာဖံုးတစ္ခ်ပ္စာမကလို႔ ေနာက္ေက်ာဖံုးစာပါထည့္ေပါင္းတယ္ဆိုပါေတာ့။ ဒါပါပဲ။ ဒီေလာက္ပါပဲ။ ဒါ့ထက္ေတာ့မပိုပါဘူး။ က်က်နနသိခ်င္ရင္ေတာ့ စာတစ္အုပ္ကိုမ်က္ႏွာဖံုးေလာက္၊ ေက်ာဖံုးေလာက္တင္ ေကာက္ကိုင္ၾကည့္လို႔မရပါဘူး။ လွန္ၾကည့္လိုက္ပါ။ အထဲမွာဘာေတြပါမလဲ သိရပါလိမ့္မယ္။ မွန္ပါတယ္။ အတြင္းစာမ်က္ႏွာအားလံုးမွာ တကယ့္၀န္ထမ္းဘ၀ေတြကို ျမင္ရပါလိမ့္မယ္။

လစာနည္းနည္းေလးအတြက္နဲ ႐ံုးမွာ ခပ္ကုပ္ကုပ္ေလး၊ နားရြက္ေတာင္မလႈပ္၀ံ့ေအာင္ ႐ံုးတက္႐ံုးဆင္း အလုပ္လုပ္ေနၾကရသူေတြ၊ ႏွစ္ႏွစ္ၾကာတိုင္းၾကာတိုင္း က်ပ္ေငြႏွစ္ေထာင္၊ ဒါမွမဟုတ္ ေငြေလးေထာင္ေလာက္သာ ပိုရၾကသူေတြ၊ ေဘာနပ္စ္မရွိ၊ ေဘာက္ဆူးမရွိ၊ ၿမဲလိုလိုအိုဗာတိုင္ေတြရွိေပမယ့္ အိုဗာတိုင္ေၾကးဆိုတာလံုး၀မရွိ။ ရလာတဲ့ေငြေလးေတြကို ျခစ္ျခဳပ္သံုး၊ တစ္လနဲ႔တစ္လ အသံုးစရိတ္ေလးဆက္ေနရင္ကို ရင္ထဲကအလံုးႀကီး က်သြားၾကရသူေတြ။ ၀င္ေငြက ႏွစ္ႏွစ္မွာ ေလးေထာင္ေလာက္တိုးေပမယ့္ အသံုးစရိတ္က တစ္လနဲ႔တစ္လ မတူေတာ့တဲ့အေျခအေနေတြၾကားမွာ၊ သာေရးနာေရး၊ လူမႈေရး၊ စီးပြားေရးေတြၾကားမွာ ခ်ာလပတ္လည္ေနတတ္တဲ့ ဘ၀တစ္ခုက ဟိုဘက္ဒီဘက္ဟန္ခ်က္မညီျဖစ္ခဲ့ေလေတာ့ ဒီအေျခအေနတစ္ရပ္ကို ဟန္ခ်က္ညီေအာင္မနည္း ထိန္းၿပီး ေတာင့္ခံထားႏိုင္ဖို႔အတြက္ ႀကိဳးစားၾက၊ ႐ုန္းကန္ၾကရတဲ့ဘ၀ေတြ။ ႐ုန္းမတက္ခင္မနက္ေ၀လီေ၀လင္း အခ်ိန္နဲ ႐ုန္းပိတ္ရက္ေတြမွာ ဆိုင္ကယ္တက္စီဆြဲတဲ့ သူေတြ၊ တစ္ေယာက္၀င္ေငြနဲ႔အဆင္မေျပလို႔ ဟိုတစ္ေယာက္ကို ကြမ္းယာခံုေလးေတာ့ဖြင့္ေပးပါဦးလို႔ႏွစ္သိမ့္ၿပီး တစ္ဘက္တစ္လမ္းက၀င္ေငြရလမ္းကေလး ဖန္တီးထားရသူေတြ၊ ေအာက္ျပည္ေအာက္ရြာက ငါးပိငါးေျခာက္ကို အညာသယ္လာ၊ အညာက သနပ္ခါးေတြ၊ ပဲေတြ၊ ႏွမ္းေတြကို ေအာက္ကိုျပန္ပို ဒီလိုဒီလိုနဲ ဘ၀တစ္ခ်ိဳ႕ရဲ့ အသက္ေမြး၀မ္းေက်ာင္းကို ေထာက္ကန္ ထားရသူေတြ။ လကုန္ရင္ေတာ့ ဟိုဟာေလးေတာ့အားေပး၊ ဒီဟာေလးလည္း စမ္းၾကည့္ပါဦးဆိုၿပီး လက္ေပြ႕ေစ်းသည္ဘ၀ကို ေရာက္မွန္းမသိေရာက္ၾကရသူေတြ။ ဒီလိုဒီလိုအေျခအေနေတြလည္း ထုနဲ႔ထည္နဲ႔ရွိေနပါ ေသးတယ္ဆိုတာကိုေတာ့ ျမင္ၾကေစခ်င္ပါတယ္။

အစကေျပာခဲ့ပါၿပီေကာ။ အားလံုးေကာင္းေနၾကတာေတာ့မဟုတ္ပါဘူး။ အားလံုး႐ိုးသားေနၾကတာေတာ့ မဟုတ္ပါဘူး။ အားလံုးသီလေစာင့္ေနၾကတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ရွိပါတယ္။ ဒီလိုလူေတြရွိတယ္။ ႐ုိက္သတ္လို႔မကုန္ေအာင္ကိုရွိေနပါတယ္။ လက္ၫႈိးထိုးမလြဲရွိေနပါတယ္။ အ၀င္နဲ႔အထြက္ မမွ်လြန္းလို ဘယ္နားသြားသိမ္းရမယ္မွန္းေတာင္မသိတဲ့သူေတြလည္း ရွိေတာ့ရွိေနႏိုင္ပါေသးတယ္။ ဒါေပမယ့္ ဒီလိုလူေတြ ဆိုတာက တကယ့္လက္ရွိ ၀န္ထမ္းထုရဲ့ ပမာဏနဲ႔အခ်ိဳးခ်ၾကည့္လိုက္ရင္ စာတစ္အုပ္မွာ ႏွစ္ရြက္စာေလာက္ပဲ ရွိလိမ့္မယ္။ ကတၳဴဖံုးေလးႏွစ္ရြက္စာေလာက္ကိုၾကည့္ၿပီးေတာ့ ၀န္ထမ္းမွန္သမွ် ဒီပုတ္ထဲကဒီပဲခ်ည္းပဲလို ေရရြတ္ ေနၾကတာကိုေတာ့ နည္းနည္းေလးေလာက္ အရွိန္ေလွ်ာ့ဖို ေမတၱာရပ္ခံခ်င္ပါတယ္။ ဒီ့အတြက္ပဲ ေဟာဒီေမတၱာစာကို ေရးသားဆက္သြင္းရျခင္းျဖစ္ပါတယ္။

အတတ္ကယ္မဲ့သူမွာ ၀န္ထမ္းသာျဖစ္ၿမဲတဲ့။ ဟုတ္တယ္။ အတတ္မဲ့ၾကတယ္။ ဘာအတတ္မဲ့ၾကသလဲ။ စီးပြားေရးမလုပ္တတ္ဘူး။ ၀င္ေငြတစ္ရပ္ကိုဘယ္လိုရွာရမွန္းမသိၾကဘူး။ ေငြတစ္ရာကို ေနာက္တစ္လေနရင္ တစ္ရာ့ႏွစ္ဆယ္ျဖစ္ဖို႔ေ၀းစြ၊ တစ္ရာအတိုင္းအတိုင္းရွိေနဖို႔ေတာင္ မလုပ္တတ္ၾကေတာ့ဘူး။ မလုပ္တတ္ေတာ့လဲ ဒီသံသရာထဲမွာ တ၀ဲလည္လည္ေပါ့။

ဟုတ္ၿပီ။ ဒါဆိုထြက္လိုက္ေပါ့။ ဒီလိုေျပာခ်င္ေျပာမွာေပါ့။ ၾသာ္၊ ဒီလိုအႀကံေပးေတာ့လဲ အလြယ္သား။ ဒါေပမယ့္ခက္တာက ဒီကေန႔အလုပ္ထြက္ၿပီး မနက္ျဖန္ဘယ္သူ႔ဆီအလုပ္ဆင္းရမတဲ့တုန္း။ ေခါက္႐ိုးက်ိဳးေနတဲ့ ၀န္ထမ္းဆိုတာက သဘင္နဲ႔ႏွစ္အစိတ္ေလာက္ကင္းသြားတဲ့ သဘင္သမားလိုပဲ အခုမွျပန္ကၾကမယ္ဆိုေတာ့လဲ ခ်ိဳမိုင္မိုင္ကေတာင္ျပန္စရေတာ့မလိုပါပဲ။ ဒါကေတာ့ အားမနာတမ္းေျပာရရင္ ကိုယ္ကိုယ္တိုင္ညံ့လို႔လို႔ဆိုရမွာေပါ့။ ဘာပဲျဖစ္ျဖစ္ ဒါကလည္းအေျခအေနမွန္ပါပဲ။ ခြ်န္ရင္ခြ်န္သလိုအသံုးတည့္မႈနည္းတဲ့၀န္းက်င္တစ္ခုမွာ ျဖတ္သန္းရ ေလေတာ့ ခပ္တံုးတံုးေလးေတြအသြင္နဲ႔ပဲေနတာကၾကာလာတယ္။ တစ္ျဖည္းျဖည္းနဲ ပိုပိုၾကာလာေတာ့ အမွန္ တကယ္ကို တံုးသြားတယ္။ လုပ္ေနကိုင္ေနက်႐ံုးအလုပ္ကေလးေတြကိုပဲ လုပ္တတ္ေတာ့တယ္။ ဒါေလးေတြ အဆင္ေျပေျပလုပ္တတ္ကိုင္တတ္ရင္ကိုပဲ ဆရာႀကီးျဖစ္ေနၿပီ။ တစ္ခ်ိဳ႕က လုပ္ေနက်အလုပ္ကေလးေတာင္မွ မလုပ္တတ္ေတာ့ဘူး။ ေမ့ေတ့ေတ့ျဖစ္တာလိုလို၊ မသင္ဖူးလို မလုပ္တတ္ေသးသလိုလို။ ဘယ္သူဘယ္ေလာက္ ႀကိဳးစားႀကိဳးစား ႏြားထီးငါးက်ပ္၊ ႏြားမငါးက်ပ္စနစ္အရ အုန္းပင္တက္လက္မွတ္ရမွာကိုသာေၾကာက္ေနၿပီး ေနာက္ကြယ္မွာပဲ ခပ္ကုပ္ကုပ္နဲ မလုပ္မ႐ႈပ္မျပဳတ္လမ္းစဥ္က်င့္သံုးေနထိုင္ဖို႔ ဦးတည္ခဲ့မိတာမ်ိဳးရွိေလေတာ့ အျပင္အလုပ္ဆိုရင္ ဘာတစ္ခုမွ မလုပ္တတ္ၾကေတာ့ဘူး။ ဒီေတာ့ နတ္အိုးကြဲျဖစ္ၿပီေပါ့။ အခုခ်ိန္မွ အျပင္ထြက္ၿပီး အလုပ္ရွာလဲ ဘယ္လုပ္ငန္းရွင္ကမွ ခန္႔ၾကေတာ့မွာလဲမဟုတ္ေတာ့ဘူးေလ။ ဒီေတာ့လဲ ကရြတ္ေပ ကင္းေလွ်ာက္သလို ၀ိုင္းႀကီးပတ္လည္ေပၚကမဆင္းႏိုင္ျဖစ္ၾကရေတာ့တာေပါ့။

၀န္ထမ္းေတြက ဒီလိုအေျခအေနဆိုက္ေနေတာ့ က်န္တဲ့သူေတြကိုလဲ ငဲ့ၾကည့္ပါဦးလို႔ ေျပာခ်င္ေျပာ လိမ့္မယ္။ ဟုတ္ေတာ့ဟုတ္ပါတယ္။ ၀န္ထမ္းေတြထက္ေတာင္ နိမ့္ပါးေနတဲ့ဘ၀ေတြကို ရင္ဆိုင္ေနၾကရသူေတြ လည္း အမ်ားႀကီးရွိၾကပါေသးတယ္။ ဒီေနရာမွာကေတာ့ ၀န္ထမ္းအေၾကာင္းပဲေျပာေနတာမို႔ပါ။ ၀န္ထမ္းေတာင္မွ ၀န္ထမ္းထုတစ္ရပ္လံုးအေၾကာင္းရယ္လို႔မဟုတ္ဘူး။ အမ်ားစုျဖစ္တဲ့၀န္ထမ္းေတြအေၾကာင္း။
ဘယ္အေျခအေနပဲျဖစ္ျဖစ္ ျခြင္းခ်က္ဆိုတာရွိစၿမဲမို႔ ၀န္ထမ္းထုရဲ့ကြ်မ္းက်င္မႈကို ၿခံဳငံုေျပာၾကားရာမွာလဲ အေႏွာင့္အသြားမလြတ္ခဲ့တာေတြလဲရွိေနမွာပါ။ မိုးပ်ံေအာင္ေတာ္ေနတဲ့ အိတ္စပတ္ဆိုတာႀကီးေတြလည္း ရွိေတာ့ ရွိၾကသေပါ့။ ဒါေပမယ့္၊ ဒါေပမယ့္။

ဒီေနရာမွာ အဓိကေျပာခ်င္တာက ေငြအေၾကာင္းမဟုတ္ပါ။ လစာေတြတိုးေပးဖို႔ေတာင္းဆိုေနတာ မဟုတ္ပါ။ လူတစ္ေယာက္ကို ေပ်ာ္ရႊင္ေစျခင္း၊ မေပ်ာ္ရႊင္ေစျခင္းဆိုတာ ၀င္ေငြမ်ားျခင္း၊ မမ်ားျခင္းအေပၚမွာပဲ ဆိုင္ေနတာေတာ့မဟုတ္ပါဘူး။ တစ္ခ်ိဳ႔၀င္ေငြနည္းေပမယ့္ ရွိတာေလးနဲ ၀ေအာင္စား၊ ရတာေလးနဲ လွေအာင္ ၀တ္ၿပီး ကိုယ္က်န္းမာ၊ စိတ္ခ်မ္းသာနဲ ႊင္လန္း၀မ္းေျမာက္စြာေနထိုင္ၾကသူေတြလည္းရွိပါတယ္။

Maslow ဆိုတဲ့ပညာရွင္ရဲ့ အဆိုအမိန္႔အရေတာ့ လူတစ္ေယာက္အတြက္ လိုအပ္ခ်က္က ငါးမ်ိဳးေလာက္ ရွိသတဲ့။ ဇီ၀ကမၼဆိုင္ရာလိုအပ္ခ်က္၊ လံုၿခံဳမႈ၊ ခ်စ္ခ်င္းေမတၱာႏွင့္ ပိုင္ဆိုင္မႈ၊ ေလးစားတန္ဖိုးထားမႈ၊ ေအာင္ျမင္မ ဆိုတာေတြတဲ့။ ဇီ၀ကမၼဆိုင္ရာလိုအပ္ခ်က္ေတြ ျပည့္စံုတာ၊ မျပည့္စံုတာက ဘ၀တစ္ခုအတြက္အေရးႀကီးပါတယ္။ ဒါေပမယ့္ သူ႕အထက္ကအဆင့္ေတြက သူ႕ထက္ပိုၿပီးျမင့္သြားသလို ပိုၿပီးေတာ့လည္း တန္ဖိုးႀကီးပါတယ္။

လံုၿခံဳမႈ႐ႈေထာင့္ကၾကည့္ရင္ အားနည္းေနသလိုျဖစ္ေနပါတယ္။ ဟိုလူကလာၿခိမ္းေျခာက္၊ ဒီလူက လာဟိန္းေဟာက္နဲ႔မို႔ ၀န္ထမ္းကိုေၾကာက္ရပါတယ္လို႔ တစ္ခ်ိဳ႕ေတြရဲ့ေျပာစကားမ်ား ဘယ္နားသြား၀ွက္ထားရမွန္း ေတာင္ မသိေတာ့ပါဘူး။ ျပဳတ္သြားခ်င္သလား၊ ေျပာင္းသြားခ်င္သလားဆိုတာမ်ိဳးေတြ။ အတင္း၀င္ေရာက္ စီစဥ္ ၫႊန္ၾကားတာမ်ိဳးေတြ။ မလိုအပ္တဲ့ ဖိအားမ်ိဳးေတြနဲ႔ ဒီဘ၀ေတြရဲ့လံုၿခံဳမႈတံခါးကို ခဏခဏလာေခါက္ေနတတ္သူေတြ ရွိေနၾကတယ္။ ကိုယ္ေကာင္းရင္ေခါင္းဘယ္ေရြ႕မလဲဆိုတာေတာ့ရွိတာေပါ့။ ဒါေပမယ့္လည္း အေျခအေန အခ်ိန္အခါ ဆိုတာ ဒီလိုတစ္သမတ္တည္းမွတ္ထားလို႔မျဖစ္ေသးျပန္ဘူးေလ။ ကိုယ္ႀကီးငုတ္တုတ္ ခန္႔ခန္႔ႀကီးရွိေန ပါလ်က္နဲ ေခါင္းခ်ည္းျပတ္ထြက္ၿပီး လိမ့္ဆင္းသြားတာမ်ိဳးေတြ ရွိရွိဖူးေသးေလေတာ့ ၾကာက္မယ္ဆိုလည္း ၾကာက္ထိုက္ေပသေပါ့ေလ။

ခ်စ္ျခင္းေမတၱာအရာ၊ ေလးစားတန္ဖိုးထားမႈအရာေတြမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ျပည္သူ အခ်စ္ေတာ္ ၀န္ထမ္းအခ်ိဳ႕ရွိေနေပမယ့္ အမ်ားစုကေတာ့ ဟိုအရင္လိုပါပဲကြာဆိုတဲ့မွတ္ခ်က္ကို ေယာင္ရမ္း အခ်ခံေနရတာနဲ ဘာမသိညာမသိမ်က္မုန္းက်ိဳးျခင္းခံေနရသူေတြလည္းရွိေလရဲ့။ ဒါေတြမရွိမွေတာ့ အျမင့္ဆံုး အဆင့္ျဖစ္တဲ့ ေအာင္ျမင္မႈဆီကိုဘယ္လိုလုပ္ လွမ္းတက္ႏိုင္ပါေတာ့မလဲေပါ့ေလ။

ဒီလိုအေျခအေနမ်ိဳးမွာ လစာတိုးေပးဖို႔၊ စရိတ္တိုးေပးဖို႔၊ အခြင့္အေရးတိုးေပးဖို စသည္စသည္အားျဖင့္ ဘယ္သူမွ မေတာင္းဆိုၾကပါဘူး။ ေတာင္းဆိုခြင့္လဲမရွိပါဘူး။ ၿပီးေတာ့၊ ေတာင္းဆိုတိုင္းလည္း တစ္ဘက္က တတ္ႏိုင္ဦးမွေလ။ ဒါေပမယ့္ ကိုယ္တတ္ႏိုင္တာေလးေတြကိုေပးၾကရင္ေတာ့အေကာင္းသား။ ဘာေတြတတ္ႏိုင္ သလဲ။ ထိုက္သင့္တဲ့ အသိအမွတ္ျပဳမႈ၊ ထိုက္သင့္တဲ့အကာအကြယ္ေပးမႈ။ အကာအကြယ္ဆိုလို မဟုတ္ရာ လုပ္ေနသူကို အကာအကြယ္ ေပးေစလိုရင္းမဟုတ္ပါ။ သူ႕စည္းသူ႕ကမ္း၊ သူ႕နည္းသူ႕လမ္းနဲ႔သူ ေလွ်ာက္လွမ္း ေနသူမွန္သမွ် လုပ္ႀကံလံက်ဳတ္ ဇတ္လမ္းေတြထြင္ၿပီး ေခ်ာက္တြန္းျခင္းမ်ိဳးရွိလာတဲ့အခါ ေခ်ာက္က်မယ့္ေဘးကေန ကယ္ဆယ္ေပးတာမ်ိဳး။ မားမားမတ္မတ္ရပ္တည္ေပးတာမ်ိဳး။

တကယ္ေတာ့ ၀န္ထမ္းဘ၀ဆိုတာ ျခင္းထဲကၾကက္ပါပဲ။ ဘယ္အခ်ိန္ထုတ္ၿပီး႐ိုက္႐ိုက္ေသရမယ့္သူေတြ ခ်ည္းပါပဲ။ ဒီေတာ့ အဘက္ဘက္ကနိမ့္ပါးေနတဲ့၀န္ထမ္းေတြကို ႏူရာ၀ဲစြဲ၊ လဲရာ သူခိုးေထာင္း လုပ္လိုက္မဟဲ့ ဆိုတဲ့အေတြးမ်ိဳးကို ေရွာင္ရွားၾကေစခ်င္ပါတယ္။ သူတို႔လည္းပဲ လူထဲကလူေတြပါပဲဆိုတဲ့အေတြးမ်ိဳးေလး ထားၾကေစခ်င္ပါတယ္။ ဒီျပည္သူေတြထဲက ျပည္သူေတြပါပဲဆိုတဲ့အျမင္မ်ိဳးကိုလည္း ျမင္ၾကေစခ်င္ပါတယ္။

ႊားလႊားလႊားလႊားလုပ္ေနတဲ့သူေလးေတြကိုခ်ည္း ၾကည့္ၿပီးမေျပာၾကေစခ်င္ပါဘူး။ တကယ့္ေအာက္ေျခမွာ နိမ့္က်ေနဆဲဘ၀ေတြလည္း ေျမာက္မ်ားစြာရွိေနေသးတယ္ ဆိုတာကိုၾကည့္ၿပီးေတာ့၊ သိၿပီးေတာ့ ကိုယ္ခ်င္းစာတရား ေလးနဲ ေျပာဆိုေ၀ဖန္ၾကရင္းနဲ႔ အတူလက္တြဲၿပီး ေရွ႕ခရီးကို ေပ်ာ္ေပ်ာ္ႀကီးဆက္ၾကရေအာင္ပါ…………….. လို႔။

သိုက္စိုးထြန္း(နတ္ရြာ)
၂၀၁၉ ခုႏွစ္၊ ေမလ ရက္ေန႔ထုတ္
Democracy Today သတင္းစာ


#နိမ့်ကျနေဆဲဘဝများ [Unicode]
==========
By သိုက်စိုးထွန်း(နတ်ရွာ) 


"သိပညာဖြစ်ပွားအောင်၊ ချစ်သားတို့သင်ကြပါ။

မိဘဆရာတို့၊
ဖန်ခါခါတပည့်သားကို၊ ထောင်နားဆန်မငြင်းအောင်၊ သွင်းကြပေရာ။

လှေလှော်လှေခတ်နှင့်၊ အတတ်ကယ်မဲ့သူမှာ၊ ၀န်ထမ်းသာဖြစ်မြဲ။

ပညာရှင်ဖြစ်ပေက၊
လူ့ပြည်မှာပူဇော်လို့၊ ဇမ္ဗူပေါ်ဂုဏ်ထင်ပလိမ့်မယ်၊ မိုးလထက်ကဲ။ "

စဥ့်ပါဆရာတော်ကြီးရဲ့ ဒီကဗျာလေးကို ငယ်ငယ်တုန်းကသင်ရတော့ ဘာရယ်လို့ သိပ်မတွေးဖြစ်ခဲ့ပါဘူး။ အသိပညာ၊ အတတ်ပညာတွေရအောင်သင်ရမယ်လို့ပဲ သဘောပေါက်ခဲ့တယ်။ နည်းနည်းလေး အရွယ်ရလာလို့ ၀န်ထမ်းဘဝလည်းရောက်လာရော အတတ်ကယ်မဲ့သူမှာ ၀န်ထမ်းသာဖြစ်မြဲဆိုတဲ့အပိုဒ်လေးအကြောင်းကို ပြန်တွေးမိပြန်တယ်။ ဘယ့်နှယ်၊ အတတ်ပညာမဲ့သူက ၀န်ထမ်းဖြစ်ရမယ်ရယ်လို့ဆိုပြီးတော့ပေါ့။ အတတ်ပညာရှိမှ ၀န်ထမ်းဖြစ်ရမှာမဟုတ်ဘူးလားဆိုတာမျိုးကိုလည်း ပြန်လှန်ချေပလိုတဲ့အတွေးတွေဝင်မိတယ်။

၀န်ထမ်းတစ်ယောက်ဖြစ်ဖို့လွယ်သလားဆိုတော့ သိပ်တော့မလွယ်ပါဘူး။ ၀န်ထမ်းဖြစ်လိုသူတွေအတွက် လိုအပ်တဲ့အရည်အချင်းသတ်မှတ်ချက်တွေရှိပါတယ်။ အနည်းဆုံးတော့ အတတ်ပညာအနေနဲ့ ဘွဲ့တစ်ခုခုလောက် ရှိထားရမယ်၊ လိုအပ်တဲ့အသက်အပိုင်းအခြားကိုလည်း ဌာန၊ အဖွဲ့အစည်းအလျောက် ကန့်သတ်ထားလိုက်သေး တယ်။ တစ်ချို့က ၂ရ အောက်၊ တစ်ချို့က ၃၀ အောက်၊ တစ်ချို့က ၃၅ နှစ်အောက်။ ဒါတွေလွန်သွားရင် လျှောက်ခွင့်မရတော့ဘူး။ နောက်ထပ်လည်း လိုအပ်ချက်တွေကသတ်မှတ်ထားသေးတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုတော့ မတူဘူးပေါ့။

လိုအပ်တဲ့အရည်အချင်းတွေနဲ့ပြည့်စုံနေရုံနဲ့ ၀န်ထမ်းဖြစ်ခွင့်ရပြီလားဆိုတော့ မရသေးပြန်ပါဘူး။ အလုပ်အကိုင်လိုချင်သူတွေကများပြီး စုပြုံတိုးစနစ်နဲ့ အပြိုင်လျှောက်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုရွေးချယ်ခန့်ထား စေရေးအတွက် အပြိုင်အဆိုင်ကြိုးစားကြရသေးတာပါ။ ရေးဖြေစာမေးပွဲတွေရှိတယ်။ ရေးဖြေအောင်ဖို့အတွက် သင်တန်းတွေအမျိုးမျိုးအဖုံဖုံတက်ကြရပြန်တယ်။ ရေးဖြေအောင်ပြန်တော့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ကိုလည်း စစ်ဆေးလိုက်သေးတယ်။ နောက်တစ်ခါ၊ နှုတ်ဖြေစာမေးပွဲက ကျန်ပြန်တယ်။ နှုတ်ဖြေစာမေးပွဲ ဆိုတာကလဲ သာမညောင်ည မည်ကာမတ္တလောက်မေးကြမြန်းကြတာမဟုတ်ပါဘူး။ အချိန်တစ်နာရီလောက်ယူပြီး ပြည်တွင်းပြည်ပဗဟုသုတတွေ၊ ကိုယ့်ရဲ့ခံယူချက်နဲ့ပတ်သက်တာတွေကို စိစစ်မေးမြန်းသူတွေ စိတ်တိုင်းကျ လောက်အောင်မေးမြန်းပြီးတော့မှ အကဲဖြတ်ရွေးချယ်တာပါ။ ဒါတွေဒါတွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အဆင့်ဆင့်ကျော်ဖြတ်ပြီးတော့မှ ၀န်ထမ်းအဖြစ်ရွေးလိုက်တာပါ။ ဒါတောင်မှ လခစားဝန်ထမ်းမဖြစ်သေးပါဘူး။ မဖြစ်သေးဘူးတဲ့။ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ အရာထမ်းလောင်းအခြေခံ သင်တန်းဆိုပြီးတော့ သုံးလခွဲလောက်တက်ရပါသေးတယ်။ ဒီသုံးလခွဲဆိုတာကလည်း ၀န်ထမ်းတစ်ယောက် အနေနဲ့တက်ရတာမဟုတ်သေးပါဘူး။ ဆရာတစ်ယောက်ပြောဖူးသလို ပြောရရင်တော့ မောင်ရှင်လောင်းဘဝပဲ ရှိပါသေးသတဲ့။ မောင်ရှင်လောင်းဘဝနဲ့ သုံးလခွဲကို စနစ်တကျဖြတ်သန်းပြီးတော့မှ၊ အိမ်ပြန်အပို့မခံရတာသေချာပြီ ဆိုတော့မှ သက်ဆိုင်ရာဌာနမှာ ခန့်အပ်တာပါ။ ဒါက အရာထမ်းပိုင်းပါ။

အမှုထမ်းပိုင်းမှာလဲ လျှောက်တဲ့သူတိုင်းဝင်ခွင့်ရတာမဟုတ်ပါဘူး။ အရာထမ်းရာထူးလောက် အပြိုင် လျှောက်တဲ့သူမများပေမယ့် သူတို့လည်း သူတိုအထွာနဲ့သူတို့တော့ အပြိုင်အဆိုင်ကြဲကြရတာပါပဲ။ အားလုံးက ယှဉ်ပြိုင်စနစ်နဲ့သာ ကြိုးစားပြီးဝင်ခွင့်ရလာကြတာပါ။ ရွေးချယ်မှုကသာ သမာသမတ်ကျပါစေ၊ ရလာတဲ့ ၀န်ထမ်းလောင်းကတော့ တကယ့် ဒေါင်ဒေါင်မြည်ဖြစ်မယ်လို့ ယူဆရတဲ့သူတွေကိုသာ ရွေးထုတ်ထားလိုက်ကြ တာပါ။ ဒါ့ကြောင့် ၀န်ထမ်းမှန်သမျှဟာ အထိုက်အလျောက်အားဖြင့်တော့ ကြိုးကြိုးစားစား၊ ကျားကုတ်ကျားခဲနဲ့ တက်လာကြရသူတွေချည်းပဲလို့ ပြောရမှာပါ။

၀င်လာတုန်းက အားတက်သရောနဲ့ အပြိုင်အဆိုင်ကြိတ်ကြိတ်တိုး တိုးဝှေ့ပြီးမှ ၀င်ခဲ့ကြရတာဆိုပေမယ့် တကယ့်ဝန်ထမ်းဘဝရောက်လာကြတော့ ပုံစံတွေက အမျိုးမျိုးပြောင်းလဲသွားကြပါတယ်။ တစ်ချို့လည်း အလွန် အင်မတန်ပျော်မွေ့နေကြတယ်။ တစ်ချို့လည်း စိတ်ပျက်အားငယ်တဲ့ပုံစံလေးတွေနဲ့ ဘဝခရီးကို ဖြတ်သန်း နေကြရတယ်။ တစ်ချို့လည်း မောက်မောက်မာမာနဲ့ ၀န်ထမ်းဆိုးဘဝကို ရောက်မှန်းမသိရောက်သွားကြတယ်။ တစ်ချို့လည်း စင်ကြယ်တဲ့အသက်မွေးမှုအဖြစ်နဲ့ ဘဝရဲ့စာရိတ္တမဏ္ဍိုင်ကို မယိမ်းယိုင်မတုန်လှုပ်စေဘဲ ရိုးရိုးကုပ်ကုပ် အလုပ်လုပ်ကြတယ်။ တစ်ချို့လည်း ငွေနောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီး မသမာတဲ့အာဇီဝဘက်ကို လှမ်းမိလျက်သားဖြစ်သွားကြတယ်။

ပျော်နေတဲ့သူတွေဘာ့ကြောင့်ပျော်နေကြသလဲ။ ၀င်ငွေတွေကောင်းနေလို့လား။ လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုတွေရနေလို့လား။ အထက်အဆင့်က၊ ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်က အသိအမှတ်ပြုမှုတွေ ကောင်းနေလို့လား။ တစ်ခုခုတော့ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုက ရိုးရိုးသားသားနေထိုင်လုပ်ကိုင် တတ်တဲ့ ၀န်ထမ်းတစ်ယောက်အတွက်ကတော့ ၀င်ငွေကောင်းလို့ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်ခြားအကြောင်း တစ်ခုခုပဲ ဖြစ်ပါလိမ့်မယ်။

စိတ်ပျက်အားငယ်နေသူတွေက ဘာ့ကြောင့် ဒီလိုဖြစ်နေကြရတာလဲ။ မလောက်မငဖြစ်နေလို့လား။ လုပ်ငန်းခွင်အတွင်းမှာ မမျှတမှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ကြုံနေရလို့လား။ ၀န်ထမ်းအချင်းချင်း တစ်ယောက်ကို တစ်ယောက်ချောက်အတွန်းခံနေရလို့လား။ ဒါမှမဟုတ် ပြင်ပပုဂ္ဂိုလ်တစ်ဦးဦးက အနိုင်ကျင့်ခြိမ်းခြောက်နေလို့လား။ တစ်ခုခုတော့ဖြစ်မှာပါ။ ဒီ့ထက်ပိုတဲ့အကြောင်းအရာတွေကြောင့်လဲဖြစ်ချင်ဖြစ်မှာပါ။

ဟိုတစ်ချိန်တုန်းကတော့ ၀န်ထမ်းအဖွဲ့အစည်းကို ဗျူရိုကရက်လို့ ခေါ်ခဲ့ကြပါတယ်။ တကယ်တော့ ဗျူရိုကရေစီတို့၊ ဗျူရိုကရက်တို့ဆိုတဲ့စကားလုံးတွေက သူ့အဓိပ္ပာယ်နဲ့သူ၊ သူ့အနှစ်သာရနဲ့သူ ရှိကြပါတယ်။ ဒါပေမယ့် နားလည်သဘောပေါက်ပုံနဲ့ ကောက်ယူပုံတွေအရ ဗျူရိုကရက်လို့ပြောလိုက်တာနဲ့ နှာခေါင်းအရှုံ့ခံရတဲ့ အခြေအနေမျိုးဖြစ်သွားပါတယ်။ ၀န်ထမ်းဆိုရင် ကျစ်တယ်၊ ညစ်တယ်၊ ရစ်တယ်ဆိုတာမျိုးချည်းပဲ၊ မလိုအပ်တဲ့ ကြိုးနီယန္တရားတွေကြားမှာ ပြည်သူကို ရှုပ်ယှက်ခတ်အောင်လုပ်နေကြသူတွေချည်းပဲရယ်လို့ သမုတ်ခဲ့ကြပါတယ်။ အစဉ်အဆက် ဒီအတိုင်းပဲမှတ်ယူခဲ့မိကြတာများပါတယ်။

ဒီကနေ့ခေတ်အခါမှာတော့ ၀န်ထမ်းယန္တရားရဲ့ စီမံခန့်ခွဲပုံ၊ လုပ်ငန်းဆောင်ရွက်ပုံတွေဟာ ပြုပြင်ပြောင်းလဲ နေကြပါပြီ။ ၂၀၁၁ လောက်ကစပြီး ၀န်ထမ်းပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်လာလိုက်တာ ဒီဘက်ပိုင်း ကာလဘက်ရောက်လေလေ ပြောင်းလဲမှုများလာလေလေပါ။ ဒါပေမယ့်လဲ အရိုးစွဲလာတဲ့ထင်မြင်ယူဆချက်တွေအရ ၀န်ထမ်းဆိုတာနဲ့ သိပ်လေးစားစရာမဟုတ်တဲ့သူဆိုတဲ့အမြင်မျိုးနဲ့ ရှုမြင်နေတတ်ကြပါတယ်။

ဒီလိုပြောရတာက ကိုယ်ကြုံနေရတာလေးတွေကိုသာကြည့်ပြီး အထင်နဲ့ရမ်းသမ်းသိမ်းကြုံးပြောဆိုနေခြင်း မဟုတ်ပါဘူး။ နေရာတော်တော်များများမှာ ဒီလိုအသံမျိုးတွေခဏခဏကြားနေရတဲ့အတွက်ဖြစ်ပါတယ်။ နယ်ပယ် တော်တော်များများကလည်း ပြောနေကြပါတယ်။ ဒီလိုအပြောခံရလို့ နာသလားဆိုတော့ နာစရာတစ်ခုလည်း ဟုတ်တော့မဟုတ်ပါဘူး။ ဟိုအရင်ကဖြတ်သန်းခဲ့ကြတဲ့အခြေအနေတွေရယ်၊ ဒီကနေ့ခေတ်လက်ကျန်ဝန်ထမ်း တစ်ချို့ရဲ့ မပြောင်းလဲနိုင်သေးတဲ့အမူအကျင့်တွေရယ်ကြောင့် အားလုံးဒီပုတ်ထဲကဒီပဲချည်းပဲရယ်လို့ အပြောခံနေကြ ရတာပါ။ ဒီလိုပြောလိုက်လို့ ဟိုတုန်းကလူတွေမကောင်းဘူး၊ အခုလူတွေကောင်းတယ်လို့ တစ်ထစ်ချပြောတယ် လို့တော့ မမှတ်ယူစေချင်ပါဘူး။ ဟိုတုန်းအခါကလူတွေလည်း သူ့ခေတ်သူ့အခါက အခြေအနေအချိန်အခါအရ လုပ်ငန်းတွေဆောင်ရွက်ခဲ့ကြရတာဖြစ်သလို ဒီလိုအခြေအနေမျိုးမှာတောင်မှ တကယ့်ကို ဖြူစင်သန့်ရှင်းအောင် နေပြထိုင်ပြခဲ့တဲ့သူတွေ၊ တကယ့်ကို ထူးချွန်ထက်မြက်တဲ့သူတွေ အများကြီးမှ အများကြီးပါ။

ဒီဘက်ခေတ်မှာကျတော့ တော်တော်များများက ပြောင်းလဲနေကြပါပြီ။ ဟိုတုန်းအခါကနဲ့ မတူကြတော့ ပါဘူး။ ခပ်ညစ်ညစ်ဆိုတဲ့ဝန်ထမ်းက လူနည်းစုလောက်သာကျန်ပါတယ်။ သူတို့တွေကတော့ ဟိုအရင်လို ညစ်တုန်း၊ ရစ်တုန်းပါပဲ။ ဒီအနည်းစုကိုလည်း စိတ်ပြောင်းလာအောင်၊ အမူအကျင့်တွေပြောင်းလာအောင် နည်းမျိုးစုံနဲ့လေ့ကျင့် ပျိုးထောင်နေကြပါတယ်။ လေ့ကျင့်ပြောင်းလဲပေးလို့မှမရရင် တစ်နည်းနည်းနဲ့ အရေးယူနေကြပါတယ်။ ဒီစာစုက ၀န်ထမ်းတွေကောင်းကြောင်း တစ်ဖက်သတ်ပြောနေတဲ့စာစု မဟုတ်ပါဘူး။ အခြေအနေသရုပ်မှန်ကို ဖွင့်ဆိုပြဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။

စောစောကပြောခဲ့ပါပြီကော။ ၀န်ထမ်းတစ်ယောက်ဖြစ်ဖို့က သိပ်တော့မလွယ်ဘူးဆိုတာကို။ ခက်ခက်ခဲခဲ တိုးဝှေ့ပြီးဝင်ခဲ့ရတဲ့ ၀င်ပေါက်ကလေးတစ်ခုကို ၀င်ခွင့်ရခဲ့ပြီမို့ အစမှာတော့ သိပ်ပျော်ခဲ့ကြတာပါပဲ။ လိုအပ်တဲ့ အတတ်ပညာတွေ ကိုယ့်မှာရှိလို့သာ ဒီနေရာဒီဌာနကို ရောက်ခွင့်ကြုံခဲ့တာပေါ့ဆိုတဲ့အတွေးမျိုးနဲ့ ပီတိတွေများ ဖြစ်လို့။ ဒါပေမယ့် ၀န်ထမ်းဘဝနဲ့အချိန်ကာလတစ်ခုအထိ ဖြတ်သန်းပြီးတဲ့အခြေအနေတစ်ရပ်မှာ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ဆုံးမစာလေးက ခေါင်းထဲကိုပြန်ဝင်လာတယ်။ လှေလှော်လှေခတ်နှင့်၊ အတတ်ကယ်မဲ့သူမှာ၊ ၀န်ထမ်းသာဖြစ်မြဲတဲ့။ အတတ်ပညာမဲ့သူက ၀န်ထမ်းဖြစ်သတဲ့။

အတတ်ကယ်မဲ့သူမှာ ၀န်ထမ်းသာဖြစ်မြဲဆိုတဲ့အပိုဒ်မှာ ဆရာတော်ကြီးရဲ့ဆိုလိုရင်းက ဘယ်လိုရှိသလဲ ဆိုတာကို အတိအကျမှန်းဆနိုင်ဖို့တော့ခက်ပါတယ်။ လက်ရှိ၀န်ထမ်းမျိုးကိုဆိုလိုတာလားတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်းလေ၊ အဓိပ္ပာယ်ဆိုတာ တစ်ခါတစ်ခါကျတော့လည်း ကိုယ်လိုရာကိုဆွဲယူရတတ်တဲ့အမျိုး ရှိတယ် မဟုတ်လား။ ဒီတော့ လိုရာဆွဲပြီးတွေးရမယ်ဆိုရင်တော့ တစ်ချို့တစ်ချို့သောသူတွေရဲ့ဝန်ထမ်းဘဝတွေဟာ အတတ်ပညာကြောင့် ၀န်ထမ်းဖြစ်ရတာမဟုတ်ဘဲ အတတ်ပညာနည်းလို့ ၀န်ထမ်းဖြစ်နေရတာလို့ ပြောရတော့မယ် ထင်တာပါပဲ။

ဒီလိုမြင်မိတာက ကိုယ့်ဘာသာတွေးမိသွားတဲ့အတွေးမျိုးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကကြားမိတဲ့ စကားတွေကြောင့်ပါ။ တစ်ချို့ကပြောတယ်။ ၀န်ထမ်းဘဝကြီးထဲမှာ အနစ်မွန်းခံမနေပါနဲ့။ ဒီအခြေအနေကြီးထဲမှာ ဘာလုပ်မှာလဲ၊ ရုန်းထွက်လိုက်စမ်းပါ။ တစ်ခြားအလုပ်ပြောင်းလုပ်စမ်းပါ။ အညွန့်တုံးမယ့်အဖြစ်မျိုးကို ဘာ့ကြောင့် လည်စင်းခံနေမှာလဲတဲ့။ သြော်။ ၀န်ထမ်းဘဝက ဒီလောက်တောင်အခြေအနေဆိုးနေပြီလားလို့တောင် ပြောလိုက်ချင်တော့တယ်။ ဒါပေမယ့်လဲ သူတို့ပြောသလိုလဲ ဟုတ်တော့ဟုတ်နေတာမို့ ပြန်လှန်ငြင်းနေဖို့လည်း မကောင်းတော့ဘူးလေ။ ဒီ့ထက်ပိုဆိုးတာလည်းရှိရှိသေးတော့။ လက်ကြောမတင်းတဲ့အလုပ်ကို မလုပ်ချင်စမ်းပါနဲ့ တဲ့။ သေစမ်းဟဲ့နန္ဒိယ။ လက်ကြောတောင်မတင်းဘူးဆိုပဲ။

တစ်ဘက်မှာက လစာနည်းနည်းလေးပေမယ့် ကျိကျိတက်ချမ်းသာနေတဲ့ ၀န်ထမ်းတစ်ချို့တော့ ရှိနေပါရဲ့။ ဒါပေမယ့် ၀န်ထမ်းလောကကို စာတစ်အုပ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် အဲ့သလိုကြွယ်ဝသူတွေက မျက်နှာဖုံးဆိုပါတော့။ ဒါမှမဟုတ် မျက်နှာဖုံးတစ်ချပ်စာမကလို့ နောက်ကျောဖုံးစာပါထည့်ပေါင်းတယ်ဆိုပါတော့။ ဒါပါပဲ။ ဒီလောက်ပါပဲ။ ဒါ့ထက်တော့မပိုပါဘူး။ ကျကျနနသိချင်ရင်တော့ စာတစ်အုပ်ကိုမျက်နှာဖုံးလောက်၊ ကျောဖုံးလောက်တင် ကောက်ကိုင်ကြည့်လို့မရပါဘူး။ လှန်ကြည့်လိုက်ပါ။ အထဲမှာဘာတွေပါမလဲ သိရပါလိမ့်မယ်။ မှန်ပါတယ်။ အတွင်းစာမျက်နှာအားလုံးမှာ တကယ့်ဝန်ထမ်းဘဝတွေကို မြင်ရပါလိမ့်မယ်။

လစာနည်းနည်းလေးအတွက်နဲ့ ရုံးမှာ ခပ်ကုပ်ကုပ်လေး၊ နားရွက်တောင်မလှုပ်ဝံ့အောင် ရုံးတက်ရုံးဆင်း အလုပ်လုပ်နေကြရသူတွေ၊ နှစ်နှစ်ကြာတိုင်းကြာတိုင်း ကျပ်ငွေနှစ်ထောင်၊ ဒါမှမဟုတ် ငွေလေးထောင်လောက်သာ ပိုရကြသူတွေ၊ ဘောနပ်စ်မရှိ၊ ဘောက်ဆူးမရှိ၊ အမြဲလိုလိုအိုဗာတိုင်တွေရှိပေမယ့် အိုဗာတိုင်ကြေးဆိုတာလုံးဝမရှိ။ ရလာတဲ့ငွေလေးတွေကို ခြစ်ခြုပ်သုံး၊ တစ်လနဲ့တစ်လ အသုံးစရိတ်လေးဆက်နေရင်ကို ရင်ထဲကအလုံးကြီး ကျသွားကြရသူတွေ။ ၀င်ငွေက နှစ်နှစ်မှာ လေးထောင်လောက်တိုးပေမယ့် အသုံးစရိတ်က တစ်လနဲ့တစ်လ မတူတော့တဲ့အခြေအနေတွေကြားမှာ၊ သာရေးနာရေး၊ လူမှုရေး၊ စီးပွားရေးတွေကြားမှာ ချာလပတ်လည်နေတတ်တဲ့ ဘဝတစ်ခုက ဟိုဘက်ဒီဘက်ဟန်ချက်မညီဖြစ်ခဲ့လေတော့ ဒီအခြေအနေတစ်ရပ်ကို ဟန်ချက်ညီအောင်မနည်း ထိန်းပြီး တောင့်ခံထားနိုင်ဖို့အတွက် ကြိုးစားကြ၊ ရုန်းကန်ကြရတဲ့ဘဝတွေ။ ရုန်းမတက်ခင်မနက်ဝေလီဝေလင်း အချိန်နဲ့ ရုန်းပိတ်ရက်တွေမှာ ဆိုင်ကယ်တက်စီဆွဲတဲ့ သူတွေ၊ တစ်ယောက်ဝင်ငွေနဲ့အဆင်မပြေလို့ ဟိုတစ်ယောက်ကို ကွမ်းယာခုံလေးတော့ဖွင့်ပေးပါဦးလို့နှစ်သိမ့်ပြီး တစ်ဘက်တစ်လမ်းကဝင်ငွေရလမ်းကလေး ဖန်တီးထားရသူတွေ၊ အောက်ပြည်အောက်ရွာက ငါးပိငါးခြောက်ကို အညာသယ်လာ၊ အညာက သနပ်ခါးတွေ၊ ပဲတွေ၊ နှမ်းတွေကို အောက်ကိုပြန်ပို့ ဒီလိုဒီလိုနဲ့ ဘဝတစ်ချို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ထောက်ကန် ထားရသူတွေ။ လကုန်ရင်တော့ ဟိုဟာလေးတော့အားပေး၊ ဒီဟာလေးလည်း စမ်းကြည့်ပါဦးဆိုပြီး လက်ပွေ့စျေးသည်ဘဝကို ရောက်မှန်းမသိရောက်ကြရသူတွေ။ ဒီလိုဒီလိုအခြေအနေတွေလည်း ထုနဲ့ထည်နဲ့ရှိနေပါ သေးတယ်ဆိုတာကိုတော့ မြင်ကြစေချင်ပါတယ်။

အစကပြောခဲ့ပါပြီကော။ အားလုံးကောင်းနေကြတာတော့မဟုတ်ပါဘူး။ အားလုံးရိုးသားနေကြတာတော့ မဟုတ်ပါဘူး။ အားလုံးသီလစောင့်နေကြတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ရှိပါတယ်။ ဒီလိုလူတွေရှိတယ်။ ရိုက်သတ်လို့မကုန်အောင်ကိုရှိနေပါတယ်။ လက်ညှိုးထိုးမလွဲရှိနေပါတယ်။ အဝင်နဲ့အထွက် မမျှလွန်းလို့ ဘယ်နားသွားသိမ်းရမယ်မှန်းတောင်မသိတဲ့သူတွေလည်း ရှိတော့ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုလူတွေ ဆိုတာက တကယ့်လက်ရှိ ၀န်ထမ်းထုရဲ့ ပမာဏနဲ့အချိုးချကြည့်လိုက်ရင် စာတစ်အုပ်မှာ နှစ်ရွက်စာလောက်ပဲ ရှိလိမ့်မယ်။ ကတ္ထူဖုံးလေးနှစ်ရွက်စာလောက်ကိုကြည့်ပြီးတော့ ၀န်ထမ်းမှန်သမျှ ဒီပုတ်ထဲကဒီပဲချည်းပဲလို့ ရေရွတ် နေကြတာကိုတော့ နည်းနည်းလေးလောက် အရှိန်လျှော့ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီ့အတွက်ပဲ ဟောဒီမေတ္တာစာကို ရေးသားဆက်သွင်းရခြင်းဖြစ်ပါတယ်။

အတတ်ကယ်မဲ့သူမှာ ၀န်ထမ်းသာဖြစ်မြဲတဲ့။ ဟုတ်တယ်။ အတတ်မဲ့ကြတယ်။ ဘာအတတ်မဲ့ကြသလဲ။ စီးပွားရေးမလုပ်တတ်ဘူး။ ၀င်ငွေတစ်ရပ်ကိုဘယ်လိုရှာရမှန်းမသိကြဘူး။ ငွေတစ်ရာကို နောက်တစ်လနေရင် တစ်ရာ့နှစ်ဆယ်ဖြစ်ဖို့ဝေးစွ၊ တစ်ရာအတိုင်းအတိုင်းရှိနေဖို့တောင် မလုပ်တတ်ကြတော့ဘူး။ မလုပ်တတ်တော့လဲ ဒီသံသရာထဲမှာ တဝဲလည်လည်ပေါ့။

ဟုတ်ပြီ။ ဒါဆိုထွက်လိုက်ပေါ့။ ဒီလိုပြောချင်ပြောမှာပေါ့။ သြော်၊ ဒီလိုအကြံပေးတော့လဲ အလွယ်သား။ ဒါပေမယ့်ခက်တာက ဒီကနေ့အလုပ်ထွက်ပြီး မနက်ဖြန်ဘယ်သူ့ဆီအလုပ်ဆင်းရမတဲ့တုန်း။ ခေါက်ရိုးကျိုးနေတဲ့ ၀န်ထမ်းဆိုတာက သဘင်နဲ့နှစ်အစိတ်လောက်ကင်းသွားတဲ့ သဘင်သမားလိုပဲ အခုမှပြန်ကကြမယ်ဆိုတော့လဲ ချိုမိုင်မိုင်ကတောင်ပြန်စရတော့မလိုပါပဲ။ ဒါကတော့ အားမနာတမ်းပြောရရင် ကိုယ်ကိုယ်တိုင်ညံ့လို့လို့ဆိုရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါကလည်းအခြေအနေမှန်ပါပဲ။ ချွန်ရင်ချွန်သလိုအသုံးတည့်မှုနည်းတဲ့ဝန်းကျင်တစ်ခုမှာ ဖြတ်သန်းရ လေတော့ ခပ်တုံးတုံးလေးတွေအသွင်နဲ့ပဲနေတာကကြာလာတယ်။ တစ်ဖြည်းဖြည်းနဲ့ ပိုပိုကြာလာတော့ အမှန် တကယ်ကို တုံးသွားတယ်။ လုပ်နေကိုင်နေကျရုံးအလုပ်ကလေးတွေကိုပဲ လုပ်တတ်တော့တယ်။ ဒါလေးတွေ အဆင်ပြေပြေလုပ်တတ်ကိုင်တတ်ရင်ကိုပဲ ဆရာကြီးဖြစ်နေပြီ။ တစ်ချို့က လုပ်နေကျအလုပ်ကလေးတောင်မှ မလုပ်တတ်တော့ဘူး။ မေ့တေ့တေ့ဖြစ်တာလိုလို၊ မသင်ဖူးလို့ မလုပ်တတ်သေးသလိုလို။ ဘယ်သူဘယ်လောက် ကြိုးစားကြိုးစား နွားထီးငါးကျပ်၊ နွားမငါးကျပ်စနစ်အရ အုန်းပင်တက်လက်မှတ်ရမှာကိုသာကြောက်နေပြီး နောက်ကွယ်မှာပဲ ခပ်ကုပ်ကုပ်နဲ့ မလုပ်မရှုပ်မပြုတ်လမ်းစဉ်ကျင့်သုံးနေထိုင်ဖို့ ဦးတည်ခဲ့မိတာမျိုးရှိလေတော့ အပြင်အလုပ်ဆိုရင် ဘာတစ်ခုမှ မလုပ်တတ်ကြတော့ဘူး။ ဒီတော့ နတ်အိုးကွဲဖြစ်ပြီပေါ့။ အခုချိန်မှ အပြင်ထွက်ပြီး အလုပ်ရှာလဲ ဘယ်လုပ်ငန်းရှင်ကမှ ခန့်ကြတော့မှာလဲမဟုတ်တော့ဘူးလေ။ ဒီတော့လဲ ကရွတ်ပေါ် ကင်းလျှောက်သလို ၀ိုင်းကြီးပတ်လည်ပေါ်ကမဆင်းနိုင်ဖြစ်ကြရတော့တာပေါ့။

၀န်ထမ်းတွေက ဒီလိုအခြေအနေဆိုက်နေတော့ ကျန်တဲ့သူတွေကိုလဲ ငဲ့ကြည့်ပါဦးလို့ ပြောချင်ပြော လိမ့်မယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ၀န်ထမ်းတွေထက်တောင် နိမ့်ပါးနေတဲ့ဘဝတွေကို ရင်ဆိုင်နေကြရသူတွေ လည်း အများကြီးရှိကြပါသေးတယ်။ ဒီနေရာမှာကတော့ ၀န်ထမ်းအကြောင်းပဲပြောနေတာမို့ပါ။ ၀န်ထမ်းတောင်မှ ၀န်ထမ်းထုတစ်ရပ်လုံးအကြောင်းရယ်လို့မဟုတ်ဘူး။ အများစုဖြစ်တဲ့ဝန်ထမ်းတွေအကြောင်း။
ဘယ်အခြေအနေပဲဖြစ်ဖြစ် ခြွင်းချက်ဆိုတာရှိစမြဲမို့ ၀န်ထမ်းထုရဲ့ကျွမ်းကျင်မှုကို ခြုံငုံပြောကြားရာမှာလဲ အနှောင့်အသွားမလွတ်ခဲ့တာတွေလဲရှိနေမှာပါ။ မိုးပျံအောင်တော်နေတဲ့ အိတ်စပတ်ဆိုတာကြီးတွေလည်း ရှိတော့ ရှိကြသပေါ့။ ဒါပေမယ့်၊ ဒါပေမယ့်။

ဒီနေရာမှာ အဓိကပြောချင်တာက ငွေအကြောင်းမဟုတ်ပါ။ လစာတွေတိုးပေးဖို့တောင်းဆိုနေတာ မဟုတ်ပါ။ လူတစ်ယောက်ကို ပျော်ရွှင်စေခြင်း၊ မပျော်ရွှင်စေခြင်းဆိုတာ ၀င်ငွေများခြင်း၊ မများခြင်းအပေါ်မှာပဲ ဆိုင်နေတာတော့မဟုတ်ပါဘူး။ တစ်ချို့ဝင်ငွေနည်းပေမယ့် ရှိတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင် ၀တ်ပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ ရွှင်လန်းဝမ်းမြောက်စွာနေထိုင်ကြသူတွေလည်းရှိပါတယ်။

Maslow ဆိုတဲ့ပညာရှင်ရဲ့ အဆိုအမိန့်အရတော့ လူတစ်ယောက်အတွက် လိုအပ်ချက်က ငါးမျိုးလောက် ရှိသတဲ့။ ဇီဝကမ္မဆိုင်ရာလိုအပ်ချက်၊ လုံခြုံမှု၊ ချစ်ချင်းမေတ္တာနှင့် ပိုင်ဆိုင်မှု၊ လေးစားတန်ဖိုးထားမှု၊ အောင်မြင်မှု ဆိုတာတွေတဲ့။ ဇီဝကမ္မဆိုင်ရာလိုအပ်ချက်တွေ ပြည့်စုံတာ၊ မပြည့်စုံတာက ဘဝတစ်ခုအတွက်အရေးကြီးပါတယ်။ ဒါပေမယ့် သူ့အထက်ကအဆင့်တွေက သူ့ထက်ပိုပြီးမြင့်သွားသလို ပိုပြီးတော့လည်း တန်ဖိုးကြီးပါတယ်။

လုံခြုံမှုရှုထောင့်ကကြည့်ရင် အားနည်းနေသလိုဖြစ်နေပါတယ်။ ဟိုလူကလာခြိမ်းခြောက်၊ ဒီလူက လာဟိန်းဟောက်နဲ့မို့ ၀န်ထမ်းကိုကြောက်ရပါတယ်လို့ တစ်ချို့တွေရဲ့ပြောစကားများ ဘယ်နားသွားဝှက်ထားရမှန်း တောင် မသိတော့ပါဘူး။ ပြုတ်သွားချင်သလား၊ ပြောင်းသွားချင်သလားဆိုတာမျိုးတွေ။ အတင်းဝင်ရောက် စီစဉ် ညွှန်ကြားတာမျိုးတွေ။ မလိုအပ်တဲ့ ဖိအားမျိုးတွေနဲ့ ဒီဘဝတွေရဲ့လုံခြုံမှုတံခါးကို ခဏခဏလာခေါက်နေတတ်သူတွေ ရှိနေကြတယ်။ ကိုယ်ကောင်းရင်ခေါင်းဘယ်ရွေ့မလဲဆိုတာတော့ရှိတာပေါ့။ ဒါပေမယ့်လည်း အခြေအနေ အချိန်အခါ ဆိုတာ ဒီလိုတစ်သမတ်တည်းမှတ်ထားလို့မဖြစ်သေးပြန်ဘူးလေ။ ကိုယ်ကြီးငုတ်တုတ် ခန့်ခန့်ကြီးရှိနေ ပါလျက်နဲ့ ခေါင်းချည်းပြတ်ထွက်ပြီး လိမ့်ဆင်းသွားတာမျိုးတွေ ရှိရှိဖူးသေးလေတော့ ကြောက်မယ်ဆိုလည်း ကြောက်ထိုက်ပေသပေါ့လေ။

ချစ်ခြင်းမေတ္တာအရာ၊ လေးစားတန်ဖိုးထားမှုအရာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြည်သူ့ အချစ်တော် ၀န်ထမ်းအချို့ရှိနေပေမယ့် အများစုကတော့ ဟိုအရင်လိုပါပဲကွာဆိုတဲ့မှတ်ချက်ကို ယောင်ရမ်း အချခံနေရတာနဲ့ ဘာမသိညာမသိမျက်မုန်းကျိုးခြင်းခံနေရသူတွေလည်းရှိလေရဲ့။ ဒါတွေမရှိမှတော့ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အောင်မြင်မှုဆီကိုဘယ်လိုလုပ် လှမ်းတက်နိုင်ပါတော့မလဲပေါ့လေ။

ဒီလိုအခြေအနေမျိုးမှာ လစာတိုးပေးဖို့၊ စရိတ်တိုးပေးဖို့၊ အခွင့်အရေးတိုးပေးဖို့ စသည်စသည်အားဖြင့် ဘယ်သူမှ မတောင်းဆိုကြပါဘူး။ တောင်းဆိုခွင့်လဲမရှိပါဘူး။ ပြီးတော့၊ တောင်းဆိုတိုင်းလည်း တစ်ဘက်က တတ်နိုင်ဦးမှလေ။ ဒါပေမယ့် ကိုယ်တတ်နိုင်တာလေးတွေကိုပေးကြရင်တော့အကောင်းသား။ ဘာတွေတတ်နိုင် သလဲ။ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု၊ ထိုက်သင့်တဲ့အကာအကွယ်ပေးမှု။ အကာအကွယ်ဆိုလို့ မဟုတ်ရာ လုပ်နေသူကို အကာအကွယ် ပေးစေလိုရင်းမဟုတ်ပါ။ သူ့စည်းသူ့ကမ်း၊ သူ့နည်းသူ့လမ်းနဲ့သူ လျှောက်လှမ်း နေသူမှန်သမျှ လုပ်ကြံလံကျုတ် ဇတ်လမ်းတွေထွင်ပြီး ချောက်တွန်းခြင်းမျိုးရှိလာတဲ့အခါ ချောက်ကျမယ့်ဘေးကနေ ကယ်ဆယ်ပေးတာမျိုး။ မားမားမတ်မတ်ရပ်တည်ပေးတာမျိုး။

တကယ်တော့ ၀န်ထမ်းဘဝဆိုတာ ခြင်းထဲကကြက်ပါပဲ။ ဘယ်အချိန်ထုတ်ပြီးရိုက်ရိုက်သေရမယ့်သူတွေ ချည်းပါပဲ။ ဒီတော့ အဘက်ဘက်ကနိမ့်ပါးနေတဲ့ဝန်ထမ်းတွေကို နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း လုပ်လိုက်မဟဲ့ ဆိုတဲ့အတွေးမျိုးကို ရှောင်ရှားကြစေချင်ပါတယ်။ သူတို့လည်းပဲ လူထဲကလူတွေပါပဲဆိုတဲ့အတွေးမျိုးလေး ထားကြစေချင်ပါတယ်။ ဒီပြည်သူတွေထဲက ပြည်သူတွေပါပဲဆိုတဲ့အမြင်မျိုးကိုလည်း မြင်ကြစေချင်ပါတယ်။

လွှားလွှားလွှားလွှားလုပ်နေတဲ့သူလေးတွေကိုချည်း ကြည့်ပြီးမပြောကြစေချင်ပါဘူး။ တကယ့်အောက်ခြေမှာ နိမ့်ကျနေဆဲဘဝတွေလည်း မြောက်များစွာရှိနေသေးတယ် ဆိုတာကိုကြည့်ပြီးတော့၊ သိပြီးတော့ ကိုယ်ချင်းစာတရား လေးနဲ့ ပြောဆိုဝေဖန်ကြရင်းနဲ့ အတူလက်တွဲပြီး ရှေ့ခရီးကို ပျော်ပျော်ကြီးဆက်ကြရအောင်ပါ…………….. လို့။

သိုက်စိုးထွန်း(နတ်ရွာ)
၂၀၁၉ ခုနှစ်၊ မေလ ရက်နေ့ထုတ်
Democracy Today သတင်းစာ

Comments

Popular posts from this blog

ျမန္မာမင္းအုပ္ခ်ုပ္ပံုစာတမ္း/မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း

စာခ်ြန္ေတာ္အမိန့္နွင့္ ဥပေဒ/ စာချွန်တော်အမိန့်နှင့် ဥပဒေ

General Administration Department's Land Administration