စာခ်ြန္ေတာ္အမိန့္နွင့္ ဥပေဒ/ စာချွန်တော်အမိန့်နှင့် ဥပဒေ



စာခ်ြန္ေတာ္အမိန့္နွင့္ ဥပေဒ/ စာချွန်တော်အမိန့်နှင့် ဥပဒေ
----------------------
ေမာင္စာဂ
၁-၂-၂၀၁၉ (ျမန္မာ့အလင္း)
[ZawGyi]
၂၀၀၈ခုနွစ္ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ ဖြဲ့စည္းပံုအေျခခံဥပေဒပုဒ္မ ၂၉၆ တြင္ စာခ်ြန္ေတာ္အမိန့္မ်ားနွင့္ပတ္သက္၍ ဤသို့ျပ႒ာန္းထားသည္-
ပုဒ္မခြဲ(က)တြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္သည္ ေရွ႕ေတာ္သြင္းစာခြ်န္ေတာ္အမိန့္၊ အာဏာေပး စာခ်ြန္ေတာ္အမိန့္၊ တားျမစ္ေစ စာခ်ြန္ေတာ္အမိန့္၊ အာဏာပိုင္ေမး စာခြ်န္ေတာ္အမိန့္၊ အမွုေခၚ စာခ်ြန္ေတာ္အမိန့္မ်ား ထုတ္ပိုင္ခြင့္ရွိေၾကာင္းနွင့္ ပုဒ္မခြဲ(ခ)တြင္ နိုင္ငံေတာ္အတြင္း အေရးေပၚ အေျခအေနမ်ား ေပၚေပါက္ေျကာင္း ေၾကညာသည့္ေဒသတြင္ စာခ်ြန္ေတာ္အမိန့္ ထုတ္ဆင့္ေပးရန္ ေလ်ွာက္ထားခ်က္မ်ားကို ရပ္ဆိုင္းထားရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္။
ဤတြင္ စာခ်ြန္ေတာ္အမိန့္မ်ားဆိုသည္မွာ မည္သို့ေသာ အမိန့္မ်ား ျဖစ္ပါသနည္း။ မည္သို့ ေလ်ွာက္ထားၾကရပါမည္နည္း။ နည္သို့ေဆာင္ရြက္ၾကရပါမည္နည္း။ အနွစ္ခ်ဳပ္၍ မ်ွေ၀ပါရေစ။
စာခ်ြန္ေတာ္အမိန့္မ်ား၏ အဓိပၸါယ္ဖြင့္ဆိုခ်က္
ေရွ႔ေတာ္သြင္း စာခ်ြန္ေတာ္အမိန့္ဆိုသည္မွာ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံ တရားရံုးတစ္ရံုးရံုး သို့မဟုတ္ အခြင့္အာဏာရွိေသာ အဖြဲ့အစည္းတစ္ခုခုကျဖစ္ေစ၊ ထိန္းသိမ္းခ်ုပ္ေနွာင္ထားသူကို စာခ်ြန္ေတာ္ရံုးသို့ ေခၚေဆာင္ေစျပီး ဥပေဒနွင့္အညီ ခ်ုပ္ေနွာင္ထားျခင္း ရွိ၊မရွိ စိစစ္ၾကားနာ၍ ဥပေဒနွင့္ ညီညြတ္ျခင္း ရွိ၊ မရွိ ေရးသားထုတ္ျပန္သည့္ အမိန့္စာကိုဆိုသည္။
အာဏာေပး စာခ်ြန္ေတာ္အမိန့္ဆိုသည္မွာ တရား၀င္အခြင့္အာဏာရွိသူ တစ္ဦးဦး သို့မဟုတ္ အဖြဲ့အစည္းတစ္ခုခုက ျဖစ္ေစ၊ အစိုးရဌာနတစ္ခုခုကျဖစ္ေစ အပ္နွင္းထားေသာ လုပ္ပိုင္ခြင့္နွင့္အညီ လိုက္နာေဆာင္ရြက္ရန္ ပ်က္ကြက္မွုအား ဥပေဒနွင့္အညီ လိုက္နာေဆာင္ရြက္ေစရန္ ေရးသားထုတ္ျပန္သည့္ အမိန့္စာကိုဆိုသည္။
တားျမစ္ေစ စာခ်ြန္ေတာ္အမိန့္ဆိုသည္မွာ တရားရံုးတစ္ရံုးရံုး သို့မဟုတ္ တရားစီရင္မွုသေဘာ သက္၀င္သည့္ ကိစၥရပ္တစ္ခုခု၏ စီရင္ေဆာင္ရြက္မွုတြင္ စီရင္ခြင့္အာဏာ ေက်ာ္လြန္၍ျဖစ္ေစ၊ တရားမ်ွတမွုကို ဆန့္က်င္၍ျဖစ္ေစ ေဆာင္ရြက္ျခင္းမျပဳရန္ ေရးသားထုတ္ျပန္သည့္ အမိန့္စာကိုဆိုသည္။
အာဏာပိုင္ေမး စာခ်ြန္ေတာ္အမိန့္ဆိုသည္မွာ အစိုးရဌာနတစ္ခုခု သို့မဟုတ္ အခြင့္အာဏာ အပ္နွင္းထားသည့္ အဖြဲ့အစည္းတစ္ခုခုသည္ တစ္ဦးတစ္ေယာက္ သို့မဟုတ္ အမ်ားေပၚတြင္ ထုတ္ျပန္ထားသည့္ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထံုးလုပ္နည္း၊ အမိန့္၊ အမိန့္ေၾကာ္ျငာစာ၊ ညႊန္ၾကားခ်က္မ်ားနွင့္အညီ ေဆာင္ရြက္ထားျခင္းရွိ၊မရွိ စိစစ္ၾကားနာ၍ ဥပေဒနွင့္ ညီညြတ္ျခင္းရွိ၊မရွိ ေရးသားထုတ္ျပန္သည့္ အမိန့္စာကို ဆိုသည္။
အမွုေခၚ စာခ်ြန္ေတာ္အမိန့္ဆိုသည္မွာ တရားရံုးတစ္ရံုးရံုး သို့မဟုတ္ တရားစီရင္မွုသေဘာ သက္၀င္သည့္ ကိစၥရပ္တစ္ခုခု၏ ဆံုးျဖတ္ေဆာင္ရြက္ခ်က္သည္ ဥပေဒနွင့္ ညီညြတ္မ်ွတမွုမရွိေၾကာင္း စိစစ္ေတြ့ရွိရပါက ထိုဆံုးျဖတ္ေဆာင္ရြက္ခ်က္ကို ဥပေဒနွင့္ ညီညြတ္ေစရန္ ေရးသားထုတ္ျပန္သည့္ အမိန့္စာကို ဆိုသည္.
စာခ်ြန္ေတာ္အမိန့္ေလ်ွာက္ထားမွုမ်ား
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္သည္ စာခြ်န္ေတာ္အမိန့္မ်ား ေလ်ွာက္ထားမွုနွင့္ စပ္လ်ဥ္း၍ ၂၀၁၁ခုနွစ္ ေမလ ၃ ရက္တြင္ စာခ်ြန္ေတာ္အမိန့္ေလ်ွာက္ထားမွုဆိုင္ရာ လုပ္ထံုးလုပ္နည္းကိုလည္းေကာင္း၊ ၂၀၁၃ခုနွစ္ ေဖေဖာ္၀ါရီလ ၁၅ ရက္တြင္ အမိန့္ေၾကာ္ျငာစာအမွတ္ (၁၁၇/ ၂၀၁၃) ျဖင့္ စာခ်ြန္ေတာ္အမိန့္ ေလ်ွာက္ထားျခင္းဆိုင္ရာ နည္းဥပေဒမ်ားကိုလည္းေကာင္း ထုတ္ျပန္ခဲ့သည္။
ထို့ေနာက္ ျပည္ေထာင္စုလြွတ္ေတာ္က ၂၀၁၄ ခုနွစ္ စာခ်ြန္ေတာ္အမိန့္ ေလ်ွာက္ထားမွုဆိုင္ရာ ဥပေဒ (၂၀၁၄ ခုနွစ္ ျပည္ေထာင္စုလြွတ္ေတာ္ ဥပေဒအမွတ္ ၂၄) ကို ၅-၆-၂၀၁၄ ရက္က ျပ႒ာန္းခဲ့သည္။ ဤသို့ ျပ႒ာန္းခဲ့ေသာ္လည္း တည္ဆဲနည္းဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ားသည္ ယင္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားနွင့္ မဆန့္က်င္သေရြ့ ဆက္လက္က်င့္သံုးခြင့္ရွိပါသည္။
ေလ်ွာက္ထားလိုသူမ်ား သိရွိလိုက္နာေဆာင္ရြက္ရန္
ေလ်ွာက္ထားသူသည္ ဥပေဒနွင့္အညီ မိမိရထိုက္ခြင့္ရွိေသာ သက္သာခြင့္ျဖစ္ေစ၊ မိမိ၏ နစ္နာ ဆံုးရွံုးမွုျဖစ္ေစ အေၾကာင္းျခင္းရာမ်ားကို ျပည့္စံုစြာေရးသားေဖာ္ျပ၍ ျပည္ေထာင္စုတရားလြွတ္ေတာ္ခ်ုပ္က စာခ်ြန္ေတာ္အမိန့္ ေလ်ွာက္ထားျခင္းအတြက္ ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ား၊ နည္းလမ္းမ်ားနွင့္အညီ ေလ်ွာက္ထားလြွာကို တင္သြင္းရမည္။ ေလ်ွာက္ထားလြွာတြင္ ေလ်ွာက္ထားခံရသူ ပုဂၢိုလ္ သို့မဟုတ္ အဖြဲ့အစည္း သို့မဟုတ္ အစိုးရဌာန၏အမည္၊ ေလ်ွာက္ထားလြွာနွင့္ ဆီေလ်ာ္ေသာ စာခ်ြန္ေတာ္အမိန့္တစ္ရပ္ ထုတ္ေပးေစလိုေၾကာင္း ေရးသားေဖာ္ျပပါရွိရမည္။ ေလ်ွာက္ထားလြွာနွင့္အတူ ပူးတြဲတင္ျပရမည့္ စာရြက္စာတမ္းမ်ားနွင့္ က်မ္းက်ိန္လႊာမ်ား ပူးတြဲတင္ျပထားျခင္းရွိ၊မရွိကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္ရံုးက စိစစ္မည္ျဖစ္သည္။ ျပည့္စံုမွုမရွိလ်ွင္ ျပည့္စံုစြာေဆာင္ရြက္နိုင္ရန္ မွတ္ခ်က္ျပဳ၍ ေလ်ွာက္ထားသူအား ေလ်ွာက္ထားလႊာကို ျပန္လည္ေပးအပ္ပါမည္။ ျပည့္စံုမွုရွိလ်ွင္ အေထြေထြအမွုဖြင့္လွစ္ ေဆာင္ရြက္မည္ျဖစ္သည္။
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္က ေဆာင္ရြက္ရန္အခ်က္မ်ား
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္သည္ စာခ်ြန္ေတာ္အမိန့္မ်ား ထုတ္ဆင့္နိုင္ေရးအတြက္ ေလ်ွာက္ထားလႊာ ၾကားနာဆံုးျဖတ္ေရးအဖြဲ့ကို ေအာက္ပါအတိုင္း ဖြဲ့စည္းေဆာင္ရြက္သည္။
ကနဦး ၾကားနာဆံုးျဖတ္ေရးအဖြဲ့ကိုျဖစ္ေစ၊ အျပီးသတ္ ၾကားနာဆံုးျဖတ္ေရးအဖြဲ့ကိုျဖစ္ေစ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္ တရားသူၾကီးသံုးဦးျဖင့္ ဖြဲ့စည္းမည္။ ျပည္ေထာင္စုတရားသူၾကီးခ်ုပ္ သည္ ကနဦး ၾကားနာဆံုးျဖတ္ေရးအဖြဲ့တြင္ျဖစ္ေစ၊ အျပီးသတ္ၾကားနာဆံုးျဖတ္ေရးအဖြဲ့တြင္ျဖစ္ေစ ပါ၀င္ခြင့္ရွိသည္။ ျပည္ေထာင္စုတရားသူၾကီးခ်ုပ္သည္ ၾကားနာဆံုးျဖတ္ေရးအဖြဲ့အား လိုအပ္သလို ျပင္ဆင္ဖြဲ့စည္းနိုင္သည္။
ကနဦးၾကားနာဆံုးျဖတ္ေရးအဖြဲ့သည္ ေလ်ွာက္ထားလႊာကို လက္ခံရွိပါက ေလ်ွာက္ထားလႊာပါ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားနွင့္ ပူးတြဲပါရွိသည့္ စာရြက္စာတမ္းမ်ားကို စိစစ္ၿပီး ေလ်ွာက္ထားသူကို ဆင့္ေခၚ၍ ၾကားနာၿပီးေနာက္ ေလ်ွာက္ထားလႊာကို လက္ခံျခင္းျပဳ၊မျပဳ အမိန့္ခ်မွတ္မည္။
ကနဦးၾကားနာေရးအဖြဲ့က ေလ်ွာက္ထားလႊာကို လက္ခံျခင္းျပဳခဲ့လ်ွင္ ျပည္ေထာင္စု တရား လႊတ္ေတာ္ခ်ုပ္သည္ အျပီးသတ္ၾကားနာ ဆံုးျဖတ္ေရးအဖြဲ့သို့ လႊဲအပ္စိစစ္ၾကားနာေစမည္။ အျပီးသတ္ ၾကားနာဆံုးျဖတ္ေရးအဖြဲ့သည္ ေလ်ွာက္ထားသူနွင့္ ေလ်ွာက္ထားခံရသူ နွစ္ဦးနွစ္ဖက္ကို စိစစ္ၾကားနာၿပီး အမိန့္ခ်မွတ္မည္။ စာခ်ြန္ေတာ္အမိန့္ ေလ်ွာက္ထားမွုမ်ားတြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္၏ အဆံုးအျဖတ္သည္ အျပီးအျပတ္အတည္ျဖစ္သည္။
ေလ်ွာက္ထားခံရသူ လိုက္နာရမည့္အခ်က္မ်ား
ေလ်ွာက္ထားခံရသူသည္ ေလ်ွာက္ထားလႊာနွင့္ စပ္လ်ဥ္း၍ စိစစ္ၾကားနာရန္ ဆင့္ေခၚပါက စာခ်ြန္ေတာ္ရံုး ၾကားနာဆံုးျဖတ္ေရးအဖြဲ့သို့ လာေရာက္ရမည္။ ေလ်ွာက္ထားလႊာနွင့္ စပ္လ်ဥ္း၍ လိုအပ္သည့္ စာရြက္စာတမ္း၊ အေထာက္အထားမ်ားကို စာခ်ြန္ေတာ္ရံုး ၾကားနာဆံုးျဖတ္ေရးအဖြဲ့သို့ တင္ျပရမည္။ ေလ်ွာက္ထားလႊာပါ စာခ်ြန္ေတာ္အမိန့္တစ္ရပ္ရပ္ကို ထုတ္ျပန္မေပးသင့္ေၾကာင္း တင္ျပလိုပါက အေထာက္အထားမ်ားနွင့္အတူ အက်ိုးအေၾကာင္း ရွင္းလင္းေဖာ္ျပေရးသား၍ စာခ်ြန္ေတာ္ရံုး ၾကားနာဆံုးျဖတ္ေရးအဖြဲ့သို့ တင္ျပရမည္။ စာခ်ြန္ေတာ္ရံုး ၾကားနာဆံုးျဖတ္ေရးအဖြဲ့က ေတာင္းယူေသာ အေထာက္အထားမ်ားနွင့္စပ္လ်ဥ္း၍ ေလ်ွာက္ထားလႊာနွင့္သက္ဆိုင္သည့္ အစိုးရဌာန၊ အဖြဲ့အစည္းမ်ား ထံမွ ရယူတင္ျပခြင့္ရွိသည္။
မွတ္သားရန္အခ်က္မ်ား
အမွုေခၚစာခ်ြန္ေတာ္အမိန့္နွင့္ တားျမစ္ေစ စာခ်ြန္ေတာ္အမိန့္တို့နွင့္ စပ္လ်ဥ္း၍ ေလ်ွာက္ထားလႊာ တင္သြင္းရန္ အေၾကာင္းေပါ္ေပါက္သည့္ေန့မွ နွစ္နွစ္အတြင္း ေလ်ွာက္ထားလႊာတင္သြင္းျခင္းမျပုလ်ွင္ စာခ်ြန္ေတာ္အမိန့္ ထုတ္ျပန္ျခင္းျပဳမည္မဟုတ္ပါ။
ျပည္ေထာင္စုေရွ့ေနခ်ုပ္သည္ နုိင္ငံေတာ္ကိုယ္စား ေဆာင္ရြက္ရန္ကိစၥျဖစ္ပါက ေလ်ွာက္ထားသူ ဘက္မွျဖစ္ေစ၊ ေလ်ွာက္ထားခံရသူဘက္မွျဖစ္ေစ၊ ေလ်ွာက္ထားသူနွင့္ ေလ်ွာက္ထားခံရသူမ်ားအေပၚတြင္ ျဖစ္ေစ၊ ရံုးသဟာယအျဖစ္ျဖင့္ျဖစ္ေစ၊ ေလ်ွာက္ထားလႊာနွင့္ စပ္လ်ဥ္း၍ ဥပေဒနွင့္အညီ စာခ်ြန္ေတာ္ ေလ်ွာက္ထားမွုမ်ားတြင္ လိုက္ပါေဆာင္ရြက္ခြင့္ရွိသည္။
ေလ့လာဖတ္ရွုသင့္ေသာစီရင္ထံုးအခ်ိဳ႕
အမိန့္တစ္ရပ္သည္ အခြင့္အာဏာမရွိဘဲ ခ်မွတ္ခဲ့သည့္ အမိန့္ျဖစ္သည္ဟုလည္းေကာင္း၊ အခြင့္အာဏာရွိသည္ထက္ ေက်ာ္လြန္ဆံုးျဖတ္ခဲ့သည္ဟုလည္းေကာင္း၊ ထိုအမိန့္သည္ အေပၚယံေၾကာ ၾကည့္ရံုျဖင့္ ဥပေဒအရ မွားယြင္းခ်ြတ္ေခ်ာ္ျခင္းျဖစ္ေနသည့္ အမိန့္တစ္ရပ္ျဖစ္သည္ဟုလည္းေကာင္း ေပၚလြင္ျခင္းမရွိလ်ွင္ ယင္းအမိန့္မ်ိုးကို စာခ်ြန္ေတာ္အမိန့္နွင့္ ပယ္ဖ်က္ခြင့္ရွိမည္မဟုတ္ေပ။
[၁၉၇၆ ခုနွစ္၊ ျမန္မာနိုင္ငံတရားစီရင္ထံုး၊ စာ-၆၉၁]
အာဏာေပးစာခ်ြန္ေတာ္အမိန့္သည္ အာဏာပိုင္အဖြဲ့အစည္းက ဥပေဒနွင့္အညီ တာ၀န္ထမ္း ေဆာင္ရန္ ပ်က္ကြက္သည့္ ၄င္း၏ ျပည္သူ့တာ၀န္၀တၱရားမ်ားဆိုင္ရာ ပ်က္ကြက္မွုကို ျဖည့္ဆည္း ေဆာင္ရြက္ေပးေစေရးအတြက္သာလ်ွင္ တရားရံုးခ်ုပ္က တိုက္ရိုက္ညႊန္ၾကားနိုင္သည့္ စာခ်ြန္ေတာ္ အမိန့္တစ္ရပ္ ျဖစ္သည္။
[၁၉၅၀ ခုနွစ္၊ ျမန္မာနိုင္ငံတရားစီရင္ထံုး စာ-၁၇၆]
ကုစားနိုင္သည့္နည္းလမ္းကို အတိအက်ျပ႒ာန္းထားလ်ွင္ စာခ်ြန္ေတာ္ထုတ္ေပးရန္ ေလ်ွာက္ထားျခင္းကို လက္မခံနိုင္ေပ။
[၁၉၅၀ ခုနွစ္၊ ျမန္မာနိုင္ငံတရားစီရင္ထံုး စာ-၅၃]
စာခ်ြန္ေတာ္အမိန့္ထုတ္ဆင့္ေပးခဲ့သည့္ သာဓကအခ်ို့
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္သည္ ၂၀၀၈ ခုနွစ္ ဖြဲ့စည္းပံုအေျခခံဥပေဒပုဒ္မ ၂၉၆ ပါ စာခ်ြန္ ေတာ္အမိန့္ ထုတ္ပိုင္ခြင့္နွင့္စပ္လ်ဥ္း၍ ေလ်ွာက္ထားလာျခင္းကို ဥပေဒ၊နည္းဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ား နွင့္အညီ စိစစ္ၾကားနာခဲ့သည္။ အမွုေတာ္ေတာ္မ်ားမ်ားတြင္ သက္သာခြင့္မ်ား၊ နစ္နာဆံုးရွံုးမွုမ်ားကို စာခ်ြန္ ေတာ္အမိန့္မ်ား ထုတ္ဆင့္၍ ကုစားေဆာင္ရြက္ေပးနိုင္ခဲ့သည္။ အခ်ိဳ႕ကို သာဓကအျဖစ္ ေဖာ္ျပပါမည္။
ေဆးတကၠသိုလ္မႏၱေလး ေငြစာရင္းဌာနမွ စာရင္းကိုင္(၂)ျဖစ္သူအား ေဆးတကၠသိုလ္ မႏၱေလး ပါေမာကၡခ်ဳပ္က မယူမေနရ အျငိမ္းစားေပးသည့္ ရံုးအမိန့္စာ ထုတ္ျပန္ခဲ့ျခင္းကို ပယ္ဖ်က္လိုက္ေၾကာင္း အာဏာေပး စာခ်ြန္ေတာ္အမိန့္ ထုတ္ဆင့္ေပးခဲ့သည္။
[၂၀၁၅ ခုနွစ္၊ တရားမအေထြေထြေလ်ွာက္ထားမွုအမွတ္ ၂၀]
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ (ၿမိဳ႕ေတာ္၀န္)၏ ၇.၁၀.၂၀၁၃ရက္စြဲပါ အမိန့္ေၾကာ္ျငာစာျဖင့္ ဗဟိုပစၥည္းထိန္းဌာနမွ ဒုတိယဌာနမွူးအား ၇.၁၀.၂၀၁၃ရက္ေန့ ညေနပိုင္းမွစ၍ တာ၀န္မွ အၿငိမ္းစားေပးသည့္အမိန့္ကို ပယ္ဖ်က္လိုက္ေၾကာင္း အာဏာေပးစာခ်ြန္ေတာ္အမိန့္ ထုတ္ဆင့္ ခဲ့သည္။
[၂၀၁၄ ခုနွစ္၊ တရားမအေထြေထြေလ်ွာက္ထားမွုအမွတ္ ၂၅၈]
ပညာေရး၀န္ၾကီးဌာန ၀န္ၾကီးရံုး၏ ၂၀.၁၂.၂၀၁၁ရက္စြဲပါ စာအမွတ္(၁) ပညာ[၂](ဃ)၂၀၁၁ (၁၁/၂၀၁၀)ျဖင့္ ေလ်ွာက္ထားသူအား အခ်ိန္မေစ့မီ အျငိမ္းစားေပးလိုက္သည့္ အမိန့္ေၾကာ္ျငာစာကို အာဏာေပးစာခ်ြန္ေတာ္အမိန့္ ထုတ္ဆင့္ပယ္ဖ်က္ခဲ့သည္။
[၂၀၁၅ ခုနွစ္၊ တရားမအေထြေထြေလ်ွာက္ထားမွုအမွတ္ ၃]
ေတာင္ငူခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ၂၃.၁.၂၀၁၅ရက္စြဲပါ အမိန့္ေၾကာ္ျငာစာျဖင့္ ေလ်ွာက္ထားသူအမည္ေပါက္ ေျမငွားဂရန္စာခ်ုပ္အား ပယ္ဖ်က္၍ အစိုးရေျမအျဖစ္ ျပန္လည္သိမ္းယူသည့္ အမိန့္ကို အာဏာေပးစာခ်ြန္ေတာ္အမိန့္ျဖင့္ ပယ္ဖ်က္လိုက္သည္။
[၂၀၁၅ ခုနွစ္၊ တရားမအေထြေထြေလ်ွာက္ထားမွုအမွတ္ ၄၁]
ႀကိဳဆိုၾကရပါမည္
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ုပ္သည္ ေလ်ွာက္ထားလာေသာ စာခ်ြန္ေတာ္အမွုမ်ားကို စိစစ္ ၾကားနာလ်က္ တရားရံုး သို့မဟုတ္ တရားစီရင္ေရးသေဘာဆန္ေသာ အာဏာပိုင္အဖြဲ့အစည္း တစ္ရပ္ရပ္၏ ဆံုးျဖတ္ေဆာင္ရြက္ခ်က္သည္ ဥပေဒနွင့္ ညီညြတ္မ်ွတမွု မရွိလ်ွင္ေသာ္လည္းေကာင္း၊ မိမိတြင္ရွိသည့္ စီရင္ပိုင္ခြင့္ထက္ပို၍ က်င့္သံုးထားလ်ွင္ေသာ္လည္းေကာင္း၊ မိမိတြင္ လုပ္ပိုင္ခြင့္အာဏာမရွိဘဲ လုပ္ကိုင္ထားလ်ွင္ေသာ္လည္းေကာင္း စာခ်ြန္ေတာ္ထုတ္ဆင့္၍ တည့္မတ္ျပင္ဆင္ေပးေနျခင္းကို ႀကိဳဆိုၾကရမည္ျဖစ္သည္။
တစ္နည္းအားျဖင့္ ၂၀၀၈ခုနွစ္ ဖြဲ့စည္းပံုအေျခခံဥပေဒပုဒ္မ ၁၁(က)တြင္ နိုင္ငံေတာ္အခ်ုပ္အျခာ အာဏာ၏ ခက္မသံုးျဖာျဖစ္သည့္ ဥပေဒျပဳေရးအာဏာ၊ အုပ္ခ်ုပ္ေရးအာဏာနွင့္ တရားစီရင္ေရးအာဏာ တို့ကို တတ္နိုင္သမ်ွ ပိုင္းျခားသံုးစြဲျခင္းနွင့္ အခ်င္းအခ်င္းအျပန္အလွန္ ထိန္းေက်ာင္းျခင္းတို့ကိုျပဳသည္ ဟူေသာ ျပ႒ာန္းခ်က္နွင့္အညီ အုပ္ခ်ုပ္ေရးအာဏာ၏ လုပ္ငန္းအစိတ္အပိုင္းတစ္ခုကို တရားစီရင္ေရး အာဏာျဖင့္ ထိန္းေက်ာင္းမွုျပဳေနျခင္းကိုလည္း ဂုဏ္ျပဳႀကိဳဆိုရမည္ျဖစ္ေၾကာင္းပါ။
မ႑ိုင္ၾကီးသံုးရပ္ အျပန္အလွန္ထိန္းေက်ာင္းမွု အားေကာင္းေနပါေစ၊
ႏိုင္ငံသားတစ္ဦး၏ နစ္နာမွု၊ ဆံုးရွံုးမွုမ်ားကို စာခ်ြန္ေတာ္အမိန့္မ်ားထုတ္ဆင့္၍ ကုစားနိုင္ပါေစ၊
တရားဥပေဒစိုးမိုးေရး ေရွးရွုနိုင္ၾကပါေစ။
ရည္ညႊန္းခ်က္။ ။ ၂၀၁၄ခုနွစ္၊ စာခ်ြန္ေတာ္အမိန့္ ေလ်ွာက္ထားမွုဆိုင္ရာဥပေဒ။
ေဒါင္းလုပ္ရယူရန္- 

[Unicode]
စာချွန်တော်အမိန့်နှင့် ဥပဒေ
----------------------
မောင်စာဂ
၁-၂-၂၀၁၉ (မြန်မာ့အလင်း)

၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆ တွင် စာချွန်တော်အမိန့်များနှင့်ပတ်သက်၍ ဤသို့ပြဋ္ဌာန်းထားသည်-
ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်ရှိကြောင်းနှင့် ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်အတွင်း အရေးပေါ် အခြေအနေများ ပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ဤတွင် စာချွန်တော်အမိန့်များဆိုသည်မှာ မည်သို့သော အမိန့်များ ဖြစ်ပါသနည်း။ မည်သို့ လျှောက်ထားကြရပါမည်နည်း။ နည်သို့ဆောင်ရွက်ကြရပါမည်နည်း။ အနှစ်ချုပ်၍ မျှဝေပါရစေ။

စာချွန်တော်အမိန့်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
ရှေ့တော်သွင်း စာချွန်တော်အမိန့်ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တရားရုံးတစ်ရုံးရုံး သို့မဟုတ် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်ထားခြင်း ရှိ၊မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။
အာဏာပေး စာချွန်တော်အမိန့်ဆိုသည်မှာ တရားဝင်အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။
တားမြစ်စေ စာချွန်တော်အမိန့်ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့်အာဏာ ကျော်လွန်၍ဖြစ်စေ၊ တရားမျှတမှုကို ဆန့်ကျင်၍ဖြစ်စေ ဆောင်ရွက်ခြင်းမပြုရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။
အာဏာပိုင်မေး စာချွန်တော်အမိန့်ဆိုသည်မှာ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာ အပ်နှင်းထားသည့် အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်းရှိ၊မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်။
အမှုခေါ် စာချွန်တော်အမိန့်ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပဒေနှင့် ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်.

စာချွန်တော်အမိန့်လျှောက်ထားမှုများ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စာချွန်တော်အမိန့်များ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ၂၀၁၁ခုနှစ် မေလ ၃ ရက်တွင် စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုလည်းကောင်း၊ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၁၇/ ၂၀၁၃) ဖြင့် စာချွန်တော်အမိန့် လျှောက်ထားခြင်းဆိုင်ရာ နည်းဥပဒေများကိုလည်းကောင်း ထုတ်ပြန်ခဲ့သည်။ 
ထို့နောက် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၄) ကို ၅-၆-၂၀၁၄ ရက်က ပြဋ္ဌာန်းခဲ့သည်။ ဤသို့ ပြဋ္ဌာန်းခဲ့သော်လည်း တည်ဆဲနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးခွင့်ရှိပါသည်။

လျှောက်ထားလိုသူများ သိရှိလိုက်နာဆောင်ရွက်ရန်
လျှောက်ထားသူသည် ဥပဒေနှင့်အညီ မိမိရထိုက်ခွင့်ရှိသော သက်သာခွင့်ဖြစ်စေ၊ မိမိ၏ နစ်နာ ဆုံးရှုံးမှုဖြစ်စေ အကြောင်းခြင်းရာများကို ပြည့်စုံစွာရေးသားဖော်ပြ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့် လျှောက်ထားခြင်းအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ နည်းလမ်းများနှင့်အညီ လျှောက်ထားလွှာကို တင်သွင်းရမည်။ လျှောက်ထားလွှာတွင် လျှောက်ထားခံရသူ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၏အမည်၊ လျှောက်ထားလွှာနှင့် ဆီလျော်သော စာချွန်တော်အမိန့်တစ်ရပ် ထုတ်ပေးစေလိုကြောင်း ရေးသားဖော်ပြပါရှိရမည်။ လျှောက်ထားလွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများနှင့် ကျမ်းကျိန်လွှာများ ပူးတွဲတင်ပြထားခြင်းရှိ၊မရှိကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စိစစ်မည်ဖြစ်သည်။ ပြည့်စုံမှုမရှိလျှင် ပြည့်စုံစွာဆောင်ရွက်နိုင်ရန် မှတ်ချက်ပြု၍ လျှောက်ထားသူအား လျှောက်ထားလွှာကို ပြန်လည်ပေးအပ်ပါမည်။ ပြည့်စုံမှုရှိလျှင် အထွေထွေအမှုဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်ရန်အချက်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စာချွန်တော်အမိန့်များ ထုတ်ဆင့်နိုင်ရေးအတွက် လျှောက်ထားလွှာ ကြားနာဆုံးဖြတ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်သည်။
ကနဦး ကြားနာဆုံးဖြတ်ရေးအဖွဲ့ကိုဖြစ်စေ၊ အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့ကိုဖြစ်စေ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦးဖြင့် ဖွဲ့စည်းမည်။ ပြည်ထောင်စုတရားသူကြီးချုပ် သည် ကနဦး ကြားနာဆုံးဖြတ်ရေးအဖွဲ့တွင်ဖြစ်စေ၊ အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့တွင်ဖြစ်စေ ပါ၀င်ခွင့်ရှိသည်။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ကြားနာဆုံးဖြတ်ရေးအဖွဲ့အား လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
ကနဦးကြားနာဆုံးဖြတ်ရေးအဖွဲ့သည် လျှောက်ထားလွှာကို လက်ခံရှိပါက လျှောက်ထားလွှာပါ အကြောင်းအရာ၊ အချက်အလက်များနှင့် ပူးတွဲပါရှိသည့် စာရွက်စာတမ်းများကို စိစစ်ပြီး လျှောက်ထားသူကို ဆင့်ခေါ်၍ ကြားနာပြီးနောက် လျှောက်ထားလွှာကို လက်ခံခြင်းပြု၊မပြု အမိန့်ချမှတ်မည်။
ကနဦးကြားနာရေးအဖွဲ့က လျှောက်ထားလွှာကို လက်ခံခြင်းပြုခဲ့လျှင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သည် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သို့ လွှဲအပ်စိစစ်ကြားနာစေမည်။ အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူ နှစ်ဦးနှစ်ဖက်ကို စိစစ်ကြားနာပြီး အမိန့်ချမှတ်မည်။ စာချွန်တော်အမိန့် လျှောက်ထားမှုများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်အတည်ဖြစ်သည်။

လျှောက်ထားခံရသူ လိုက်နာရမည့်အချက်များ
လျှောက်ထားခံရသူသည် လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ စိစစ်ကြားနာရန် ဆင့်ခေါ်ပါက စာချွန်တော်ရုံး ကြားနာဆုံးဖြတ်ရေးအဖွဲ့သို့ လာရောက်ရမည်။ လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများကို စာချွန်တော်ရုံး ကြားနာဆုံးဖြတ်ရေးအဖွဲ့သို့ တင်ပြရမည်။ လျှောက်ထားလွှာပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို ထုတ်ပြန်မပေးသင့်ကြောင်း တင်ပြလိုပါက အထောက်အထားများနှင့်အတူ အကျိုးအကြောင်း ရှင်းလင်းဖော်ပြရေးသား၍ စာချွန်တော်ရုံး ကြားနာဆုံးဖြတ်ရေးအဖွဲ့သို့ တင်ပြရမည်။ စာချွန်တော်ရုံး ကြားနာဆုံးဖြတ်ရေးအဖွဲ့က တောင်းယူသော အထောက်အထားများနှင့်စပ်လျဉ်း၍ လျှောက်ထားလွှာနှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ ထံမှ ရယူတင်ပြခွင့်ရှိသည်။

မှတ်သားရန်အချက်များ
အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့်တို့နှင့် စပ်လျဉ်း၍ လျှောက်ထားလွှာ တင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်နေ့မှ နှစ်နှစ်အတွင်း လျှောက်ထားလွှာတင်သွင်းခြင်းမပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းပြုမည်မဟုတ်ပါ။ 
ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ရန်ကိစ္စဖြစ်ပါက လျှောက်ထားသူ ဘက်မှဖြစ်စေ၊ လျှောက်ထားခံရသူဘက်မှဖြစ်စေ၊ လျှောက်ထားသူနှင့် လျှောက်ထားခံရသူများအပေါ်တွင် ဖြစ်စေ၊ ရုံးသဟာယအဖြစ်ဖြင့်ဖြစ်စေ၊ လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ စာချွန်တော် လျှောက်ထားမှုများတွင် လိုက်ပါဆောင်ရွက်ခွင့်ရှိသည်။

လေ့လာဖတ်ရှုသင့်သောစီရင်ထုံးအချို့
အမိန့်တစ်ရပ်သည် အခွင့်အာဏာမရှိဘဲ ချမှတ်ခဲ့သည့် အမိန့်ဖြစ်သည်ဟုလည်းကောင်း၊ အခွင့်အာဏာရှိသည်ထက် ကျော်လွန်ဆုံးဖြတ်ခဲ့သည်ဟုလည်းကောင်း၊ ထိုအမိန့်သည် အပေါ်ယံကြော ကြည့်ရုံဖြင့် ဥပဒေအရ မှားယွင်းချွတ်ချော်ခြင်းဖြစ်နေသည့် အမိန့်တစ်ရပ်ဖြစ်သည်ဟုလည်းကောင်း ပေါ်လွင်ခြင်းမရှိလျှင် ယင်းအမိန့်မျိုးကို စာချွန်တော်အမိန့်နှင့် ပယ်ဖျက်ခွင့်ရှိမည်မဟုတ်ပေ။
[၁၉၇၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၆၉၁]
အာဏာပေးစာချွန်တော်အမိန့်သည် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေနှင့်အညီ တာဝန်ထမ်း ဆောင်ရန် ပျက်ကွက်သည့် ၄င်း၏ ပြည်သူ့တာဝန်ဝတ္တရားများဆိုင်ရာ ပျက်ကွက်မှုကို ဖြည့်ဆည်း ဆောင်ရွက်ပေးစေရေးအတွက်သာလျှင် တရားရုံးချုပ်က တိုက်ရိုက်ညွှန်ကြားနိုင်သည့် စာချွန်တော် အမိန့်တစ်ရပ် ဖြစ်သည်။
[၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ-၁၇၆]
ကုစားနိုင်သည့်နည်းလမ်းကို အတိအကျပြဋ္ဌာန်းထားလျှင် စာချွန်တော်ထုတ်ပေးရန် လျှောက်ထားခြင်းကို လက်မခံနိုင်ပေ။
[၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ-၅၃]

စာချွန်တော်အမိန့်ထုတ်ဆင့်ပေးခဲ့သည့် သာဓကအချို့
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆ ပါ စာချွန် တော်အမိန့် ထုတ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ လျှောက်ထားလာခြင်းကို ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ကြားနာခဲ့သည်။ အမှုတော်တော်များများတွင် သက်သာခွင့်များ၊ နစ်နာဆုံးရှုံးမှုများကို စာချွန် တော်အမိန့်များ ထုတ်ဆင့်၍ ကုစားဆောင်ရွက်ပေးနိုင်ခဲ့သည်။ အချို့ကို သာဓကအဖြစ် ဖော်ပြပါမည်။
ဆေးတက္ကသိုလ်မန္တလေး ငွေစာရင်းဌာနမှ စာရင်းကိုင်(၂)ဖြစ်သူအား ဆေးတက္ကသိုလ် မန္တလေး ပါမောက္ခချုပ်က မယူမနေရ အငြိမ်းစားပေးသည့် ရုံးအမိန့်စာ ထုတ်ပြန်ခဲ့ခြင်းကို ပယ်ဖျက်လိုက်ကြောင်း အာဏာပေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးခဲ့သည်။
[၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၂၀]

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)၏ ရ.၁၀.၂၀၁၃ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဗဟိုပစ္စည်းထိန်းဌာနမှ ဒုတိယဌာနမှူးအား ရ.၁၀.၂၀၁၃ရက်နေ့ ညနေပိုင်းမှစ၍ တာဝန်မှ အငြိမ်းစားပေးသည့်အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့် ခဲ့သည်။ 
[၂၀၁၄ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၂၅၈]

ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၏ ၂၀.၁၂.၂၀၁၁ရက်စွဲပါ စာအမှတ်(၁) ပညာ[၂](ဃ)၂၀၁၁ (၁၁/၂၀၁၀)ဖြင့် လျှောက်ထားသူအား အချိန်မစေ့မီ အငြိမ်းစားပေးလိုက်သည့် အမိန့်ကြော်ငြာစာကို အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ခဲ့သည်။
[၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၃]

တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၃.၁.၂၀၁၅ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် လျှောက်ထားသူအမည်ပေါက် မြေငှားဂရန်စာချုပ်အား ပယ်ဖျက်၍ အစိုးရမြေအဖြစ် ပြန်လည်သိမ်းယူသည့် အမိန့်ကို အာဏာပေးစာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်လိုက်သည်။
[၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၄၁]

ကြိုဆိုကြရပါမည်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လျှောက်ထားလာသော စာချွန်တော်အမှုများကို စိစစ် ကြားနာလျက် တရားရုံး သို့မဟုတ် တရားစီရင်ရေးသဘောဆန်သော အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှု မရှိလျှင်သော်လည်းကောင်း၊ မိမိတွင်ရှိသည့် စီရင်ပိုင်ခွင့်ထက်ပို၍ ကျင့်သုံးထားလျှင်သော်လည်းကောင်း၊ မိမိတွင် လုပ်ပိုင်ခွင့်အာဏာမရှိဘဲ လုပ်ကိုင်ထားလျှင်သော်လည်းကောင်း စာချွန်တော်ထုတ်ဆင့်၍ တည့်မတ်ပြင်ဆင်ပေးနေခြင်းကို ကြိုဆိုကြရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)တွင် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းအချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ကိုပြုသည် ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ အုပ်ချုပ်ရေးအာဏာ၏ လုပ်ငန်းအစိတ်အပိုင်းတစ်ခုကို တရားစီရင်ရေး အာဏာဖြင့် ထိန်းကျောင်းမှုပြုနေခြင်းကိုလည်း ဂုဏ်ပြုကြိုဆိုရမည်ဖြစ်ကြောင်းပါ။
မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းနေပါစေ၊
နိုင်ငံသားတစ်ဦး၏ နစ်နာမှု၊ ဆုံးရှုံးမှုများကို စာချွန်တော်အမိန့်များထုတ်ဆင့်၍ ကုစားနိုင်ပါစေ၊
တရားဥပဒေစိုးမိုးရေး ရှေးရှုနိုင်ကြပါစေ။
ရည်ညွှန်းချက်။ ။ ၂၀၁၄ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေ။


Comments

Popular posts from this blog

ျမန္မာမင္းအုပ္ခ်ုပ္ပံုစာတမ္း/မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း

General Administration Department's Land Administration