ေယာမင္းႀကီးဇရပ္ စကား၀ိုုင္းတြင္ ရာသီဥတုု ေျပာင္းလဲမႈႏွင့္ ပတ္သက္ၿပီး ေဒါက္တာသန္႔ျမင့္ဦး ေျပာၾကားခဲ့ေသာ မွတ္ခ်က္။ ယောမင်းကြီးဇရပ် စကားဝိုုင်းတွင် ရာသီဥတုု ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ဒေါက်တာသန့်မြင့်ဦး ပြောကြားခဲ့သော မှတ်ချက်။

ေယာမင္းႀကီးဇရပ္ စကား၀ိုုင္းတြင္ ရာသီဥတုု ေျပာင္းလဲမႈႏွင့္ ပတ္သက္ၿပီး ေဒါက္တာသန္႔ျမင့္ဦး ေျပာၾကားခဲ့ေသာ မွတ္ခ်က္။
ယောမင်းကြီးဇရပ် စကားဝိုုင်းတွင် ရာသီဥတုု ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ဒေါက်တာသန့်မြင့်ဦး ပြောကြားခဲ့သော မှတ်ချက်။
Dr Thant Myint-U's remarks on climate change at today's Yaw Mingyi Zayat
---------------------------------
#ThantMyintU
[Zawgyi]
ယခုကဲ့သို႔ စကားေျပာၾကားခြင့္ရတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ လူကုိယ္တုိင္ မတက္ေရာက္ႏုိင္တဲ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။
ယခုေျပာၾကားရမယ့္ ေခါင္းစဥ္ဟာ ရာသီဥတု ေျပာင္းလဲမႈအေၾကာင္း ျဖစ္တဲ့အတြက္ အေတာ္ေလး ၀မ္းသာမိပါတယ္။ ျမန္မာႏုိင္ငံဟာ လက္ရွိမွာ စိန္ေခၚမႈႀကီးေလးရပ္ကို ရင္ဆုိင္ေနရပါတယ္။ အဲဒီစိန္ေခၚမႈမ်ားဟာ တစ္ခုႏွင့္တစ္ခုလည္း ဆက္စပ္ေနၾကပါတယ္။ (၁) တန္းတူညီမွ်တမႈမရွိျခင္း (၂) ျမန္မာႏွင့္ တ႐ုတ္အၾကား နည္းပညာအရေသာ္လည္းေကာင္း၊ စီးပြားေရးရေသာ္လည္းေကာင္း ကြာဟမႈရွိေနျခင္း၊ သမုိင္းတစ္ေလွ်ာက္ကို ျပန္ၾကည့္ရင္ လက္ရွိအခ်ိန္မွာ ႏုိင္ငံၾကားထိုကြာဟမႈဟာ အႀကီးမားဆံုးအေျခအေနတြင္ ရွိေနပါတယ္။ (၃) လူအစားထိုး အလုိအေလ်ာက္လုပ္ စက္ကိရိယာ အသံုးျပဳျခင္းစနစ္(Automation) ႏွင့္ ဥာဏ္တု (Artificial Intelligence) အသံုးျပဳျခင္းစနစ္တုိ႔ေၾကာင့္ ကမာၻ႕စီးပြားေရးစနစ္ ေျပာင္းလဲလာျခင္း၊ ထိုအရာမ်ားေၾကာင့္ ျမန္မာႏုိင္ငံမွာ တုိင္းျပည္ဖြံ႔ၿဖိဳးတုိးတက္ေရးအတြက္ အဓိကထားရတဲ့ အရည္အေသြးနိမ့္ ကုန္ထုတ္လုပ္မႈဆိုင္ရာ အလုပ္အကိုင္မ်ား ထိခိုက္မႈမ်ားစြာ ျဖစ္ပါမယ္၊ (၄) ရာသီဥတုေျပာင္းလဲလာျခင္းတုိ႔ ျဖစ္ပါတယ္။
ထုိစိန္ေခၚမႈ ၄ ခ်က္စလံုးဟာ အေရးႀကီးေပမယ့္လည္း ထုိအထဲမွာ ရာသီဥတုအေျပာင္းအလဲဟာ အေရးႀကီးဆံုး ျဖစ္ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ေနာက္ဆက္တြဲ သဘာ၀ေဘးအႏၲရာယ္မ်ားကို ျမန္မာႏုိင္ငံအေနနဲ႔ ရင္ဆုိင္ရပါလိမ့္မယ္။ ရာသီဥတု ေဘးဒဏ္မ်ားဟာ လာမယ့္ရာစုႏွစ္မ်ား၊ ဆယ္စုႏွစ္မ်ား ၾကာမွမဟုတ္ဘဲ လာမယ့္ႏွစ္မ်ားအတြင္း ျဖစ္ေပၚလာပါလိမ့္မယ္။ ယေန႔မွာ ျမန္မာျပည္အေနနဲ႔ ရာသီဥတုဆုိင္ရာ အေရးေပၚအေျခအေနကို ရင္ဆုိင္ေနရပါတယ္။
ကၽြန္ေတာ္တုိ႔အေနနဲ႔ အခ်က္အလက္မ်ားကို မွတ္မိဖုိ႔လိုပါတယ္။ ေနာက္ဆံုးအႀကိမ္ ကမာၻႀကီးမွာ ရာသီဥတု အႀကီးအက်ယ္ ေျပာင္းလဲမႈျဖစ္ေပၚတာဟာ ေနာက္ဆံုး ေရခဲေခတ္ (Ice Age) အဆံုးကာလမွာ ျဖစ္ခဲ့ပါတယ္။ ကမာၻႀကီးရဲ႕ အပူခ်ိန္ ၅ ဒီဂရီဆယ္လ္စီးယပ္စ္ ပိုမိုပူေႏြးလာခဲ့တုန္းက ျဖစ္ပါတယ္။ ထိုရာသီဥတုအေျပာင္းအလဲကာလဟာ ႏွစ္ေပါင္း ေထာင္ႏွင့္ခ်ီၾကာ ျဖစ္ပြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ေသာင္းခန္႔က စတင္ၿပီး ကမာၻေျမႀကီးရဲ႕ ဥတုရာသီဟာ အေတာ္ေလး တည္ၿငိမ္မႈရွိ မေဖာက္ျပန္ခဲ့တာဟာ ယေန႔အထိပါပဲ။ လူ႔အဖြဲ႔အစည္းမ်ား ယဥ္ေက်းမႈရွိလာ တုိးတက္လာတာဟာ တုိက္ဆုိင္မႈတစ္ရပ္အေနနဲ႔ ျဖစ္လာတာ မဟုတ္ပါဘူး။ ရာသီဥတု တည္ၿငိမ္မႈရွိေနတဲ့ကာလအတြင္း စိုက္ပ်ိဳးေရး၊ ၿမိဳ႕ျပမ်ား ဖြံ႔ၿဖိဳးတိုးတက္လာျခင္းတုိ႔ ျဖစ္ပြားလာခဲ့ပါတယ္။
ယခုအခ်ိန္မွာေတာ့ ရာသီဥတုဟာ မယံုႏုိင္ေလာက္တဲ့ အရွိန္ႏႈန္းနဲ႔ ျမန္ဆန္စြာ ဆိုးရြားလာလ်က္ရွိပါတယ္။ ဒီလုိျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းကို ၾကည့္မယ္ဆုိရင္ ကမာၻ႔ေလထုထဲကို ကာဗြန္ဒုိင္ေအာက္ဆုိဒ္ ထုတ္လႊတ္မႈေၾကာင့္သာ ျဖစ္ပါတယ္။ ကာဗြန္ဒုိင္ေအာက္ဆုိဒ္ ထုတ္လႊတ္မႈကို အဓိကျဖစ္ေပၚေစတာကေတာ့ အေမရိကန္ျပည္ေထာင္စု၊ ဥေရာပႏွင့္ တ႐ုတ္တို႔မွ ေက်ာက္မီးေသြး၊ ေရနံႏွင့္ သဘာ၀ဓာတ္ေငြ႔စသည့္ ႐ုပ္ၾကြင္းေလာင္စာ (Fossil Fuels)မ်ားကို အသံုးျပဳျခင္းေၾကာင့္ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅ ႏွစ္ေက်ာ္အတြင္း ဆိုးက်ိဳးမ်ားကို သက္ေရာက္ေစခဲ့ၿပီး ျဖစ္ပါတယ္။ ႏွစ္တုိင္းႏွစ္တုိင္း ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ထုတ္လႊတ္မႈမ်ား ျမင့္တက္လာေနပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႕ တန္ေပါင္း ၄၀ ဘီလီယံနီးပါး ထုတ္လႊတ္မႈရွိခဲ့ပါတယ္။
Inter-governmental Panel on Climate Change or IPCC ဆိုသည္မွာ ရာသီဥတု ေျပာင္းလဲျခင္းကို ပူးေပါင္းအေျဖရွာရန္ ကမာၻတစ္၀န္းရွိ သိပၸံပညာရွင္ ေထာင္ေပါင္းေျမာက္ျမားစြာကို စုစည္းထားေသာ ကုလသမဂၢ အဖြဲ႔အစည္းတစ္ခု ျဖစ္ပါတယ္။ ယမန္ႏွစ္က ယင္းအဖြဲ႔က ကမာၻ႔အပူခ်ိန္ဟာ စက္မႈလက္မႈအႀကိဳေခတ္ကထက္ ၁.၅ ဒီဂရီဆယ္လ္စီးယပ္စ္ ျမင့္တက္လာသည့္အခ်ိန္ဟာ ေနာက္ေၾကာင္းျပန္လွည့္မရေတာ့ဘဲ တစ္ဆစ္ခ်ိဳးကာလျဖစ္ေၾကာင္း သတိေပးထားခဲ့ပါတယ္။ လက္ရွိမွာ အပူခ်ိန္ ၁ ဒီဂရီ ပိုမိုျမင့္တက္သြားခဲ့ပါၿပီ။ လက္ရွိအတုိင္း မေျပာင္းမလဲ ဆက္သြားမည္ဆိုပါက ၂၀၃၀ ျပည့္ႏွစ္တြင္ ၁.၅ ဒီဂရီဆယ္လ္စီးယပ္စ္အထိ ျမင့္တက္လာပါလိမ့္မယ္။
ထိုတစ္ဆစ္ခ်ိဳးကာလ မေရာက္ရွိေအာင္ ကာကြယ္ဖုိ႔ရာ အခ်ိန္ ၁၁ ႏွစ္သာ က်န္ပါေတာ့တယ္။ ကမာၻ႔အပူခ်ိန္ ျမင့္တက္မႈကို ကာကြယ္ဖုိ႔ရာ လူ႔သမုိင္းမွာ တစ္ခါမွ မျဖစ္ခဲ့ဖူးတဲ့ ႏႈန္းထားႏွင့္ စီးပြားေရးစနစ္မ်ား အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စု၊ ဥေရာပႏွင့္ တ႐ုတ္တို႔က အေျပာင္းအလဲမ်ားကို ျပဳလုပ္ဖုိ႔ လိုအပ္ပါလိမ့္မယ္။ ယင္းမွာ ျဖစ္ႏုိင္ေျခရွိေသာ္လည္း ျဖစ္ႏုိင္ဖုိ႔ေတာ့ ခဲယဥ္းလွပါတယ္။
အဆိုပါတစ္ဆစ္ခ်ိဳးကာလ ေရာက္ရွိသြားမယ္ဆုိရင္ ၂ ဒီဂရီ၊ ၃ ဒီဂရီ၊ ၄ ဒီဂရီအထိပင္ ပိုမိုပူေႏြးမလာေအာင္ ဟန္႔တားဖုိ႔ရာ တျဖည္းျဖည္း ခက္ခဲလာပါလိမ့္မယ္။
ကမာၻႀကီးဟာ လက္ရွိရာစုႏွစ္လယ္ မတုိင္ခင္ ၂ ဒီဂရီ ပူေႏြးလာမယ္ဆိုရင္ ျမန္မာႏုိင္ငံကို ဖြတ္ဖြတ္ညက္ညက္ ေၾကသြားေစႏုိင္ပါတယ္။
ထုိအေျခအေနမွာ နာဂစ္ကဲ့သို႔ ျပင္းထန္ေသာ ဆုိင္ကလုန္းမုန္တုိင္းမ်ား၊ ျပင္းထန္ေသာ ေလျပင္းမုန္တုိင္းမ်ား ျဖစ္ပြားမႈ အႀကိမ္အေရအတြက္ မ်ားလာပါလိမ့္မယ္။ ႏွစ္စဥ္နီးပါး ျဖစ္ပြားေကာင္း ျဖစ္ပြားႏုိင္ပါတယ္။ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္လာမွာ ျဖစ္ၿပီး ရလဒ္အေနျဖင့္ ဧရာ၀တီျမစ္၀ကၽြန္းေပၚေဒသ ေအာက္ပိုင္းႏွင့္ ရန္ကုန္ၿမိဳ႕ အနီး၀န္းက်င္အပါအ၀င္ ပင္လယ္ကမ္း႐ိုးတန္းေဒသ အေတာ္မ်ားမ်ား ေရေအာက္သို႔ လံုး၀ျမဳပ္သြားပါလိမ့္မယ္။ မခံမရပ္ႏုိင္ေလာက္ေသာ အပူဒဏ္လြန္ကဲမႈ တစ္ႏွစ္လွ်င္ ရက္သတၱပတ္ေပါင္းမ်ားစြာ တင္မကဘဲ လေပါင္းမ်ားစြာၾကာ ျဖစ္ေပၚပါလိမ့္မယ္။ အပူခ်ိန္ လြန္ကဲျခင္း၊ မိုးေခါင္ျခင္းတုိ႔ေၾကာင့္သာမက အခ်ိန္အခါမဟုတ္ မိုးရြာသြန္းမႈမ်ား ျဖစ္ပြားတဲ့အတြက္ ျမန္မာႏုိင္ငံရဲ႕ မိုးနည္းေဒသႏွင့္ ဧရာ၀တီျမစ္၀ကၽြန္းေပၚ ေဒသတုိ႔မွာ စားသံုးသီးႏွံ စိုက္ပ်ိဳး မရႏုိင္ေအာင္ ျဖစ္လာႏုိင္ပါတယ္။ ျမန္မာႏုိင္ငံရွိ တိရစၦာန္မ်ိဳးစိတ္မ်ား အစုလုိက္အၿပံဳလုိက္ မ်ိဳးသုဥ္းျခင္း ျဖစ္ပြားပါလိမ့္မယ္။ ေရာဂါအသစ္မ်ားလည္း ျပန္႔ပြားလာပါမယ္။
ရာသီဥတု ေျပာင္းလဲလာမႈကို ေနာက္ေၾကာင္းျပန္မလွည့္ႏုိင္ပါက၊ ကမာၻ႔ၿဂိဳလ္ အပူခ်ိန္ ၄ ဒီဂရီ ျမင့္တက္လာပါက ျမန္မာႏုိင္ငံ အစိတ္အပိုင္းအေတာ္မ်ားမ်ားမွာ လူေနထုိင္ရန္ ျဖစ္ႏုိင္မည္ မဟုတ္ေတာ့ပါ။ ဧရာ၀တီျမစ္၀ကၽြန္းေပၚေဒသ သာမက ရခုိင္ျပည္နယ္ တစ္ခုလံုးနီးပါး ရွိေတာ့မည္ မဟုတ္ပါ။ ရန္ကုန္ၿမိဳ႕ဟာ ကၽြန္းတစ္ခုအျဖစ္သာ က်န္ခဲ့ပါေတာ့မယ္။ ႏုိင္ငံရဲ႕ အလယ္ဗဟိုေဒသဟာ လူသားမ်ားႏွင့္ တိရစၦာန္အမ်ားစု အသက္ရွင္ေနထုိင္လုိ႔ မရေလာက္ေအာင္ ပူျပင္းေနပါလိမ့္မယ္။ သန္းေပါင္း ေျမာက္ျမားစြာေသာ လူသားတုိ႔ ေရႊ႕ေျပာင္းအေျခခ် ေနထုိင္ျခင္းကို ေတြ႔ရပါလိမ့္မယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံသည္လည္း အေရးေပၚအေျခအေနကို ရင္ဆုိင္ရမည္ျဖစ္ၿပီး သဘာ၀ေဘးဒဏ္ ဒုကၡသည္ သန္းေပါင္း ရာႏွင့္ခ်ီ ထြက္ေပၚလာပါလိမ့္မယ္။ ယခုရာစုႏွစ္ မကုန္ခင္ ယေန႔ေခတ္လူငယ္မ်ား၏ သက္တမ္းအတြင္းမွာပင္ ကမာၻႀကီးဟာ ၄ ဒီဂရီ ပိုမိုပူေႏြးလာႏုိင္ေျခ ရွိပါတယ္။
ကမာၻ႔ရာသီဥတု ေဘးအႏၲရာယ္မ်ား မျဖစ္ေပၚေအာင္ တြန္းလွန္ဖို႔ရာတြင္ လူသားမ်ားအေနျဖင့္ လိုအပ္သည္မ်ားကို ေဆာင္ရြက္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခ်က္ေတာ့ ရွိပါေသးတယ္။ အသစ္အသစ္ေသာ နည္းပညာမ်ားက ကမာၻ႔ဥတုရာသီကို ျပန္လည္ျပဳျပင္ႏုိင္မည့္ နည္းလမ္းမ်ား ရွာေဖြရာတြင္ အေထာက္အကူျဖစ္ႏုိင္ပါတယ္။ ခ်မ္းသာေသာႏုိင္ငံမ်ားရဲ႕ ၿမိဳ႕ႀကီးျပႀကီးမ်ား၊ စီးပြားေရးကိုလည္း တိုး၍ သက္ေရာက္မႈျဖစ္ေစေနတဲ့အတြက္ ႏိုင္ငံေခါင္းေဆာင္မ်ားအေနျဖင့္ မျဖစ္မေန အေရးယူေဆာင္ရြက္ရမယ္လုိ႔ ခံစားလာရႏုိင္ပါတယ္။
ခ်မ္းသားတဲ့ႏုိင္ငံမ်ားကို ကယ္တင္ဖုိ႔ အခ်ိန္ရွိေကာင္း ရွိေနႏုိင္ေပမယ့္ ျမန္မာႏုိင္ငံအတြက္ေတာ့ အခ်ိန္ေႏွာင္းသြားႏုိင္ပါတယ္။ ရာသီဥတု ေျပာင္းလဲျခင္းရဲ႕ ဆိုး၀ါးေသာအက်ိဳးဆက္မ်ားကို ခံစားရမယ့္ ႏုိင္ငံေပါင္း ၂-၃ ႏုိင္ငံရွိသည့္အနက္ ျမန္မာႏုိင္ငံလည္း အပါအ၀င္ျဖစ္ပါတယ္။ ထုိႏုိင္ငံမ်ားအနက္ ျမန္မာႏုိင္ငံဟာ အဆင္းရဲဆံုးေသာ ႏုိင္ငံျဖစ္ေနပါေသးတယ္။
ရာသီဥတုဆုိင္ရာ တရားမွ်တမႈဆိုတဲ့ ကိစၥရပ္ကလည္း ရွိပါေသးတယ္။ ယခုေျပာေနတဲ့ သဘာ၀ေဘးအႏၲရာယ္ အေရးေပၚအေျခအေန ျဖစ္ေပၚလာေအာင္လုိ႔ ျမန္မာႏုိင္ငံအေနနဲ႔ ျပဳလုပ္ခဲ့တာ ဘာမွမရွိသေလာက္ပါပဲ။ သုိ႔ေပသိ ဆင္းရဲေသာ က်ား၊မ ကေလးသူငယ္မ်ားစြာ ပါ၀င္သည့္ ၅၅ သန္းေသာ ျမန္မာျပည္သူျပည္သားမ်ားဟာ ျဖစ္ေပၚလာမည့္ အပူမီးမ်ားကို ရင္ဆုိင္ခံစားရမွာ ျဖစ္ပါတယ္။ ယခုကိစၥကို တစ္ကုိယ္တည္း ရင္ဆုိင္ေျဖရွင္းရန္ ျမန္မာႏုိင္ငံ၌ အရင္းအျမစ္မ်ား မရွိပါ။ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ရန္ ျမန္မာႏုိင္ငံအေနနဲ႔ ေငြေၾကးေထာက္ပံ့မႈ အလံုးအရင္းကို ေတာင္းဆုိသင့္ပါတယ္။
ယူေကႏွင့္ အိုင္ယာလန္တုိ႔က ရာသီဥတုအေရးေပၚအေျခအေနကို ေၾကျငာၿပီး ျဖစ္ပါတယ္။ ယင္းႏုိင္ငံမ်ားကဲ့သို႔ အေရးေပၚအေျခအေနကို ျမန္မာႏုိင္ငံကလည္း ေၾကျငာသင့္ပါတယ္။ ကၽြန္ေတာ္တို႔ အနာဂတ္ အစီအစဥ္မ်ား ခ်မွတ္သည့္အခါတုိင္း ရာသီဥတုေျပာင္းလဲလာျခင္းကို အၿမဲထည့္သြင္း စဥ္းစားရပါမယ္။ ၿမိဳ႕ျပမ်ား၊ တုိင္းျပည္ရဲ႕ အေျခခံအေဆာက္အအံုမ်ားႏွင့္ ပတ္သက္ၿပီး စီမံကိန္းေရးဆြဲျခင္းကအစ တုိင္းျပည္ရဲ႕ အဆင္းရဲဆံုး၊ အားအႏြဲ႔ဆံုးလူထုကို မည္ကဲ့သုိ႔ အေကာင္းဆံုး ကာကြယ္ေပးႏုိင္မလဲဆိုတာအထိ ရာသီဥတုေျပာင္းလဲမႈကို ထည့္တြက္ရမွာ ျဖစ္ပါတယ္။
ရာသီဥတုေျပာင္းလဲလာမႈကို ရပ္တန္႔ေစရန္ ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈတြင္ ျမန္မာႏုိင္ငံက ေရွ႕တန္းမွ ပါ၀င္သင့္ပါတယ္။ ၁ ဒီဂရီ တစ္ဆစ္ခ်ိဳးမွတ္တုိင္သို႔ ကမာၻႀကီး မေရာက္ခင္ အေရးယူလုပ္ေဆာင္ဖုိ႔ ျမန္မာႏုိင္ငံအေနျဖင့္ ေရွ႕ဆံုးမွ မရမေနေတာင္းဆိုသင့္ပါတယ္။ ကုလသမဂၢတြင္ ရာသီဥတုေျပာင္းလဲမႈကို ထိပ္တန္းအေရးကိစၥ ျဖစ္လာေအာင္ ၀ုိင္း၀န္းႀကိဳးပမ္းသင့္သလို ဘက္ေပါင္းစံုေဆြးေႏြးပြဲမ်ားကို ၀ိုင္း၀န္းဦးေဆာင္သင့္ပါတယ္။
ကမာၻ႔ရာသီဥတု ေျပာင္းလဲမႈကို တြန္းလွန္ျခင္းဟာ ကမာၻ႔ထိပ္တန္းအေရး ျဖစ္ပါတယ္။ တန္းတူညီမွ်မႈရရွိေရး၊ ဆင္းရဲမြဲေတမႈ အဆံုးသတ္ေရးတို႔အတြက္ လႈပ္ရွားေဆာင္ရြက္သကဲ့သို႔ ရာသီဥတုေျပာင္းလဲမႈကို ရပ္တန္႔ေစရန္ ႀကိဳးပမ္းသည့္တုိက္ပြဲသည္ ျမန္မာျပည္သူျပည္သား အားလံုးကို တစ္၀မ္းတစ္သားတည္း ျဖစ္ေစတဲ့ အေၾကာင္းအရာ တစ္ရပ္ျဖစ္သင့္ပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ မၾကာခင္ျဖစ္ေပၚလာေတာ့မယ့္ စိန္ေခၚမႈမ်ားကို ရင္ဆုိင္ရာမွာ တတ္ႏုိင္သမွ် စုေပါင္းအင္အားမ်ား ေပါင္းစည္းၿပီး ေဆာင္ရြက္ဖို႔၊ ကမာၻတစ္၀န္းရွိ ႀကိဳးပမ္းအားထုတ္မ်ားႏွင့္ ခ်ိတ္ဆက္ဖုိ႔ လိုကိုလိုအပ္ပါတယ္။ မၾကာခင္မွာ အခ်ိန္ကုန္လုနီးပါး ျဖစ္လာပါေတာ့မယ္။
[Unicode]
ယခုကဲ့သို့ စကားပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူကိုယ်တိုင် မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
ယခုပြောကြားရမယ့် ခေါင်းစဉ်ဟာ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဖြစ်တဲ့အတွက် အတော်လေး ၀မ်းသာမိပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာ စိန်ခေါ်မှုကြီးလေးရပ်ကို ရင်ဆိုင်နေရပါတယ်။ အဲဒီစိန်ခေါ်မှုများဟာ တစ်ခုနှင့်တစ်ခုလည်း ဆက်စပ်နေကြပါတယ်။ (၁) တန်းတူညီမျှတမှုမရှိခြင်း (၂) မြန်မာနှင့် တရုတ်အကြား နည်းပညာအရသော်လည်းကောင်း၊ စီးပွားရေးရသော်လည်းကောင်း ကွာဟမှုရှိနေခြင်း၊ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင် လက်ရှိအချိန်မှာ နိုင်ငံကြားထိုကွာဟမှုဟာ အကြီးမားဆုံးအခြေအနေတွင် ရှိနေပါတယ်။ (၃) လူအစားထိုး အလိုအလျောက်လုပ် စက်ကိရိယာ အသုံးပြုခြင်းစနစ်(Automation) နှင့် ဉာဏ်တု (Artificial Intelligence) အသုံးပြုခြင်းစနစ်တို့ကြောင့် ကမ္ဘာ့စီးပွားရေးစနစ် ပြောင်းလဲလာခြင်း၊ ထိုအရာများကြောင့် မြန်မာနိုင်ငံမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရတဲ့ အရည်အသွေးနိမ့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင်များ ထိခိုက်မှုများစွာ ဖြစ်ပါမယ်၊ (၄) ရာသီဥတုပြောင်းလဲလာခြင်းတို့ ဖြစ်ပါတယ်။
ထိုစိန်ခေါ်မှု ၄ ချက်စလုံးဟာ အရေးကြီးပေမယ့်လည်း ထိုအထဲမှာ ရာသီဥတုအပြောင်းအလဲဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ရာသီဥတု ဘေးဒဏ်များဟာ လာမယ့်ရာစုနှစ်များ၊ ဆယ်စုနှစ်များ ကြာမှမဟုတ်ဘဲ လာမယ့်နှစ်များအတွင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ယနေ့မှာ မြန်မာပြည်အနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါတယ်။
ကျွန်တော်တို့အနေနဲ့ အချက်အလက်များကို မှတ်မိဖို့လိုပါတယ်။ နောက်ဆုံးအကြိမ် ကမ္ဘာကြီးမှာ ရာသီဥတု အကြီးအကျယ် ပြောင်းလဲမှုဖြစ်ပေါ်တာဟာ နောက်ဆုံး ရေခဲခေတ် (Ice Age) အဆုံးကာလမှာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ အပူချိန် ၅ ဒီဂရီဆယ်လ်စီးယပ်စ် ပိုမိုပူနွေးလာခဲ့တုန်းက ဖြစ်ပါတယ်။ ထိုရာသီဥတုအပြောင်းအလဲကာလဟာ နှစ်ပေါင်း ထောင်နှင့်ချီကြာ ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က စတင်ပြီး ကမ္ဘာမြေကြီးရဲ့ ဥတုရာသီဟာ အတော်လေး တည်ငြိမ်မှုရှိ မဖောက်ပြန်ခဲ့တာဟာ ယနေ့အထိပါပဲ။ လူ့အဖွဲ့အစည်းများ ယဉ်ကျေးမှုရှိလာ တိုးတက်လာတာဟာ တိုက်ဆိုင်မှုတစ်ရပ်အနေနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ရာသီဥတု တည်ငြိမ်မှုရှိနေတဲ့ကာလအတွင်း စိုက်ပျိုးရေး၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ဖြစ်ပွားလာခဲ့ပါတယ်။
ယခုအချိန်မှာတော့ ရာသီဥတုဟာ မယုံနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ မြန်ဆန်စွာ ဆိုးရွားလာလျက်ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို ကြည့်မယ်ဆိုရင် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကြောင့်သာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို အဓိကဖြစ်ပေါ်စေတာကတော့ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တရုတ်တို့မှ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စသည့် ရုပ်ကြွင်းလောင်စာ (Fossil Fuels)များကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ဆိုးကျိုးများကို သက်ရောက်စေခဲ့ပြီး ဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများ မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ တန်ပေါင်း ၄၀ ဘီလီယံနီးပါး ထုတ်လွှတ်မှုရှိခဲ့ပါတယ်။
Inter-governmental Panel on Climate Change or IPCC ဆိုသည်မှာ ရာသီဥတု ပြောင်းလဲခြင်းကို ပူးပေါင်းအဖြေရှာရန် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင် ထောင်ပေါင်းမြောက်မြားစွာကို စုစည်းထားသော ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ယမန်နှစ်က ယင်းအဖွဲ့က ကမ္ဘာ့အပူချိန်ဟာ စက်မှုလက်မှုအကြိုခေတ်ကထက် ၁.၅ ဒီဂရီဆယ်လ်စီးယပ်စ် မြင့်တက်လာသည့်အချိန်ဟာ နောက်ကြောင်းပြန်လှည့်မရတော့ဘဲ တစ်ဆစ်ချိုးကာလဖြစ်ကြောင်း သတိပေးထားခဲ့ပါတယ်။ လက်ရှိမှာ အပူချိန် ၁ ဒီဂရီ ပိုမိုမြင့်တက်သွားခဲ့ပါပြီ။ လက်ရှိအတိုင်း မပြောင်းမလဲ ဆက်သွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် ၁.၅ ဒီဂရီဆယ်လ်စီးယပ်စ်အထိ မြင့်တက်လာပါလိမ့်မယ်။
ထိုတစ်ဆစ်ချိုးကာလ မရောက်ရှိအောင် ကာကွယ်ဖို့ရာ အချိန် ၁၁ နှစ်သာ ကျန်ပါတော့တယ်။ ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ကာကွယ်ဖို့ရာ လူ့သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ နှုန်းထားနှင့် စီးပွားရေးစနစ်များ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တရုတ်တို့က အပြောင်းအလဲများကို ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ယင်းမှာ ဖြစ်နိုင်ခြေရှိသော်လည်း ဖြစ်နိုင်ဖို့တော့ ခဲယဉ်းလှပါတယ်။
အဆိုပါတစ်ဆစ်ချိုးကာလ ရောက်ရှိသွားမယ်ဆိုရင် ၂ ဒီဂရီ၊ ၃ ဒီဂရီ၊ ၄ ဒီဂရီအထိပင် ပိုမိုပူနွေးမလာအောင် ဟန့်တားဖို့ရာ တဖြည်းဖြည်း ခက်ခဲလာပါလိမ့်မယ်။
ကမ္ဘာကြီးဟာ လက်ရှိရာစုနှစ်လယ် မတိုင်ခင် ၂ ဒီဂရီ ပူနွေးလာမယ်ဆိုရင် မြန်မာနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေသွားစေနိုင်ပါတယ်။
ထိုအခြေအနေမှာ နာဂစ်ကဲ့သို့ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများ၊ ပြင်းထန်သော လေပြင်းမုန်တိုင်းများ ဖြစ်ပွားမှု အကြိမ်အရေအတွက် များလာပါလိမ့်မယ်။ နှစ်စဉ်နီးပါး ဖြစ်ပွားကောင်း ဖြစ်ပွားနိုင်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှာ ဖြစ်ပြီး ရလဒ်အနေဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းနှင့် ရန်ကုန်မြို့ အနီးဝန်းကျင်အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ အတော်များများ ရေအောက်သို့ လုံးဝမြုပ်သွားပါလိမ့်မယ်။ မခံမရပ်နိုင်လောက်သော အပူဒဏ်လွန်ကဲမှု တစ်နှစ်လျှင် ရက်သတ္တပတ်ပေါင်းများစွာ တင်မကဘဲ လပေါင်းများစွာကြာ ဖြစ်ပေါ်ပါလိမ့်မယ်။ အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့်သာမက အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပွားတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိုးနည်းဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတို့မှာ စားသုံးသီးနှံ စိုက်ပျိုး မရနိုင်အောင် ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရှိ တိရစ္ဆာန်မျိုးစိတ်များ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်း ဖြစ်ပွားပါလိမ့်မယ်။ ရောဂါအသစ်များလည်း ပြန့်ပွားလာပါမယ်။
ရာသီဥတု ပြောင်းလဲလာမှုကို နောက်ကြောင်းပြန်မလှည့်နိုင်ပါက၊ ကမ္ဘာ့ဂြိုလ် အပူချိန် ၄ ဒီဂရီ မြင့်တက်လာပါက မြန်မာနိုင်ငံ အစိတ်အပိုင်းအတော်များများမှာ လူနေထိုင်ရန် ဖြစ်နိုင်မည် မဟုတ်တော့ပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ သာမက ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ရှိတော့မည် မဟုတ်ပါ။ ရန်ကုန်မြို့ဟာ ကျွန်းတစ်ခုအဖြစ်သာ ကျန်ခဲ့ပါတော့မယ်။ နိုင်ငံရဲ့ အလယ်ဗဟိုဒေသဟာ လူသားများနှင့် တိရစ္ဆာန်အများစု အသက်ရှင်နေထိုင်လို့ မရလောက်အောင် ပူပြင်းနေပါလိမ့်မယ်။ သန်းပေါင်း မြောက်မြားစွာသော လူသားတို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်းကို တွေ့ရပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အရေးပေါ်အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်ပြီး သဘာဝဘေးဒဏ် ဒုက္ခသည် သန်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာပါလိမ့်မယ်။ ယခုရာစုနှစ် မကုန်ခင် ယနေ့ခေတ်လူငယ်များ၏ သက်တမ်းအတွင်းမှာပင် ကမ္ဘာကြီးဟာ ၄ ဒီဂရီ ပိုမိုပူနွေးလာနိုင်ခြေ ရှိပါတယ်။
ကမ္ဘာ့ရာသီဥတု ဘေးအန္တရာယ်များ မဖြစ်ပေါ်အောင် တွန်းလှန်ဖို့ရာတွင် လူသားများအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ အသစ်အသစ်သော နည်းပညာများက ကမ္ဘာ့ဥတုရာသီကို ပြန်လည်ပြုပြင်နိုင်မည့် နည်းလမ်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်နိုင်ပါတယ်။ ချမ်းသာသောနိုင်ငံများရဲ့ မြို့ကြီးပြကြီးများ၊ စီးပွားရေးကိုလည်း တိုး၍ သက်ရောက်မှုဖြစ်စေနေတဲ့အတွက် နိုင်ငံခေါင်းဆောင်များအနေဖြင့် မဖြစ်မနေ အရေးယူဆောင်ရွက်ရမယ်လို့ ခံစားလာရနိုင်ပါတယ်။
ချမ်းသားတဲ့နိုင်ငံများကို ကယ်တင်ဖို့ အချိန်ရှိကောင်း ရှိနေနိုင်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ အချိန်နှောင်းသွားနိုင်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းရဲ့ ဆိုးဝါးသောအကျိုးဆက်များကို ခံစားရမယ့် နိုင်ငံပေါင်း ၂-၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ထိုနိုင်ငံများအနက် မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးသော နိုင်ငံဖြစ်နေပါသေးတယ်။
ရာသီဥတုဆိုင်ရာ တရားမျှတမှုဆိုတဲ့ ကိစ္စရပ်ကလည်း ရှိပါသေးတယ်။ ယခုပြောနေတဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာအောင်လို့ မြန်မာနိုင်ငံအနေနဲ့ ပြုလုပ်ခဲ့တာ ဘာမှမရှိသလောက်ပါပဲ။ သို့ပေသိ ဆင်းရဲသော ကျား၊မ ကလေးသူငယ်များစွာ ပါ၀င်သည့် ၅၅ သန်းသော မြန်မာပြည်သူပြည်သားများဟာ ဖြစ်ပေါ်လာမည့် အပူမီးများကို ရင်ဆိုင်ခံစားရမှာ ဖြစ်ပါတယ်။ ယခုကိစ္စကို တစ်ကိုယ်တည်း ရင်ဆိုင်ဖြေရှင်းရန် မြန်မာနိုင်ငံ၌ အရင်းအမြစ်များ မရှိပါ။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအနေနဲ့ ငွေကြေးထောက်ပံ့မှု အလုံးအရင်းကို တောင်းဆိုသင့်ပါတယ်။
ယူကေနှင့် အိုင်ယာလန်တို့က ရာသီဥတုအရေးပေါ်အခြေအနေကို ကြေငြာပြီး ဖြစ်ပါတယ်။ ယင်းနိုင်ငံများကဲ့သို့ အရေးပေါ်အခြေအနေကို မြန်မာနိုင်ငံကလည်း ကြေငြာသင့်ပါတယ်။ ကျွန်တော်တို့ အနာဂတ် အစီအစဉ်များ ချမှတ်သည့်အခါတိုင်း ရာသီဥတုပြောင်းလဲလာခြင်းကို အမြဲထည့်သွင်း စဉ်းစားရပါမယ်။ မြို့ပြများ၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံများနှင့် ပတ်သက်ပြီး စီမံကိန်းရေးဆွဲခြင်းကအစ တိုင်းပြည်ရဲ့ အဆင်းရဲဆုံး၊ အားအနွဲ့ဆုံးလူထုကို မည်ကဲ့သို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မလဲဆိုတာအထိ ရာသီဥတုပြောင်းလဲမှုကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲလာမှုကို ရပ်တန့်စေရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံက ရှေ့တန်းမှ ပါ၀င်သင့်ပါတယ်။ ၁ ဒီဂရီ တစ်ဆစ်ချိုးမှတ်တိုင်သို့ ကမ္ဘာကြီး မရောက်ခင် အရေးယူလုပ်ဆောင်ဖို့ မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆုံးမှ မရမနေတောင်းဆိုသင့်ပါတယ်။ ကုလသမဂ္ဂတွင် ရာသီဥတုပြောင်းလဲမှုကို ထိပ်တန်းအရေးကိစ္စ ဖြစ်လာအောင် ၀ုိင်းဝန်းကြိုးပမ်းသင့်သလို ဘက်ပေါင်းစုံဆွေးနွေးပွဲများကို ၀ိုင်းဝန်းဦးဆောင်သင့်ပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်ခြင်းဟာ ကမ္ဘာ့ထိပ်တန်းအရေး ဖြစ်ပါတယ်။ တန်းတူညီမျှမှုရရှိရေး၊ ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်စေရန် ကြိုးပမ်းသည့်တိုက်ပွဲသည် မြန်မာပြည်သူပြည်သား အားလုံးကို တစ်ဝမ်းတစ်သားတည်း ဖြစ်စေတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာခင်ဖြစ်ပေါ်လာတော့မယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာမှာ တတ်နိုင်သမျှ စုပေါင်းအင်အားများ ပေါင်းစည်းပြီး ဆောင်ရွက်ဖို့၊ ကမ္ဘာတစ်ဝန်းရှိ ကြိုးပမ်းအားထုတ်များနှင့် ချိတ်ဆက်ဖို့ လိုကိုလိုအပ်ပါတယ်။ မကြာခင်မှာ အချိန်ကုန်လုနီးပါး ဖြစ်လာပါတော့မယ်။

Comments

Popular posts from this blog

ျမန္မာမင္းအုပ္ခ်ုပ္ပံုစာတမ္း/မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း

စာခ်ြန္ေတာ္အမိန့္နွင့္ ဥပေဒ/ စာချွန်တော်အမိန့်နှင့် ဥပဒေ

General Administration Department's Land Administration