Posts

Showing posts from November, 2021

ထွေအုပ်အရာရှိတွေမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ခွင့်ရှိသလား ?

Image
ထွေ/အုပ် အရာရှိတွေမှာ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခွင့် ရှိသလား ? ------+++++++-------- Credit: U Kyaw Aye (Rtd. Director General, Office of the Attorney General) ဒီပြဿနာအတွက်အဖြေပေးဖို့ တိုင်းထွေ/အုပ်ဦးစီးဌာနတစ်ခုရဲ့ ဦးစီးအရာရှိတစ်ဦးက Messenger မှတစ်ဆင့် မေတ္တာရပ်ခံလာ ပါတယ်၊"အဲဒီလိုအမိန့်ထုတ်ဖို့ အာဏာမရှိတော့ဘူးဆို ဆရာ" တဲ့ Maung Maung Nyunt တင်ထားတဲ့ post တစ်ခုရဲ့ Int.link တစ်ခုကိုလည်း ပေးပို့ခဲ့ပါတယ်။ ဒီပြဿနာရဲ့အဖြေကိုရှာဖို့အတွက် ၁၈၉၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ခေတ်အလိုက် ပြောင်းလဲလာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လိုက်ကြည့်ဖို့ လိုတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ထူးခြားချက်က အုပ်ချုပ်ရေးအရာရှိများဖြစ်ကြတဲ့ မြို့နယ်၊ခရိုင်ခွဲနဲ့ခရိုင်အထွေထွေအုပ်ချုပ်ရေးအရာရှိများဖြစ်ကြတဲ့ မြို့ပိုင်၊နယ်ပိုင်ဝန်ထောက်နဲ့ခရိုင်ဝန်တို့ကို ရာ/ကျင့်ဥပဒေပါ ရာဇဝတ်အာဏာများအပ်နှင်းပြီး တစ်နည်းအားဖြင့် မြို့နယ်ရာဇဝတ်တရားသူကြီး၊နယ်ပိုင်ရာဇဝတ်တရားသူကြီးနဲ့ခရိုင်ရာဇဝတ်တရားသူကြီးများအဖြစ် ခရိုင်တစ်ခုစီ ရဲ့ရာဇဝတ်တရားစီရင်ရေးကို ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ ဒါက